ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ကျောက်ကပ်ဝေဒနာရှင်များအတွက် သဘာဝဆေးများ

August 6, 2016

ကျောက်ကပ်ဝေဒနာရှင်များအတွက် သဘာဝဆေးများ

Share this on:

ကျောက်ကပ်အတွက် ဆေးစားနေသူတွေ၊ ကျောက်ကပ်မကောင်းလို့ အလုပ်ပင်ပင်ပန်းပန်း မလုပ်နိုင်သူတွေအတွက် Shwemom ကနေ ကျောက်ကပ်အတွက် အထူးကောင်းမွန်တဲ့ သဘာဝအစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အနီရောင် ပန်းငရုတ်

2

အနီရောင်ပန်းငရုတ်မှာ ဗီတာမင် C 159% အထိ ပါဝင်ပြီး အခြား ဗီတာမင်တွေဖြစ်တဲ့ ဗီတာမင် A,B-6,B-12 စတဲ့ ဓာတ်
တွေပါဝင်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ကို အထူးကောင်းမွန်စေတဲ့ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်တို့လည်း ပါဝင်လို့ ကျောက်
ကပ်သမားတွေ နေ့စဉ်စားသုံးသင့်ပါတယ်။

(၂) ဂေါ်ဖီထုပ်/ ဂေါ်ဖီပန်း/ ပန်းမုန်လာ

4

လူ့ကျန်းမာရေးအတွက် စွယ်စုံသုံးလို့ရတဲ့ ဂေါ်ဖီမျိုးရင်းတွေမှာတော့ ဗီတာမင်ဓာတ်တွေအပြင် အဖိုးတန်အမျှင်ဓာတ်လည်း ပါဝင်ပါတယ်။ ကျောက်ကပ်ရောဂါကိုသာမက အခြားကင်ဆာကဲ့သို့သော ရောဂါဆိုးကြီးတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၃) ကြက်သွန်ဖြူ

1

ကြက်သွန်ဖြူကို ပုံမှန်စားသုံးပေးပါက ကျောက်ကပ်ကို ကျန်းမာစေပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို
ပိုမိုထိရောက်စေပြီး အမောအပန်းဒဏ်လည်း ခံနိုင်ပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူဟာလည်း နှလုံး၊ သွေးတိုး ဆီးချို စတဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် ကင်ဆာကိုလည်း နိုင်နင်းပါတယ်။

(၄) ကြက်သွန်နီ

3

ကြက်သွန်နီမှာလည်း အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်စတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ ကျောက်ကပ်ဝေဒနာရှင်တွေ
ကြက်သွန်နီကို နေ့စဉ် တစ်လုံးခန့် သဘာဝအတိုင်း စားပေးခြင်းဖြင့် ကျောက်ကပ်ကို ပြန်လည် ကောင်းမွန်စေပါတယ်။

(၅) ပန်းသီး

ကျောက်ကပ်သမားတွေအတွက်တော့ ပန်းသီးကို အခွံမခွာပဲ စားတာ ပိုသင့်တော်ပါတယ်။ ပန်းသီးမှာတော့ ဗီတာမင်တွေ သတ္ထုဓာတ်တွေများပြားစွာ ပါဝင်လို့ ကျောက်ကပ်သမားတွေ နေ့စဉ် မနက်တစ်လုံး ညတစ်လုံးလောက် စားပေးသင့်တဲ့
အစားအစာ ဖြစ်ပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

5 (1 Votes)