သင့်အသည်းကို သန့်စင်ပေးတဲ့ အစားအစာတွေ စားဖြစ်ပါသလား။

အခုခေတ်မှာဆိုရင် အသည်းရောဂါက တဖြည်းဖြည်းနဲ့အဖြစ်များတဲ့ ရောဂါထဲမှာပါဝင်နေပါတယ်။ ကိုယ်စားလိုက်တဲ့ အစားအစာ၊ ရှူလိုက်တဲ့လေ နဲ့ သောက်လိုက်တဲ့ရေတွေမှာ အဆိပ်တွေပါဝင်နေပါတယ်။

အထူးသဖြင့် ဒီနေ့ခေတ်မှာ ပိုးသတ်ဆေးတွေ၊ ဓာတ်မြေသြဇာတွေသုံးပြီး စိုက်ပျိုးနေတာကြောင့် အဲ့ဒီသီးနှံတွေကို စားရင်း ခန္ဓာကိုယ်ထဲကို အဆိပ်အတောက်တွေသွင်းမိနေပါတယ်။

အဲ့ဒီအပြင် အသည်းက ခန္ဓာကိုယ်ရဲ့ အဓိက အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အသည်းမကောင်းရင် အသက်ရှင်မှာမဟုတ်ပါဘူး။

ဒါ့ကြောင့် အသည်းကို သန့်စင်ပေးနိုင်တဲ့ အစားအစာတွေကို ဝေမျှချင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ Selenium ဓာတ်နဲ့ Allicin ဓာတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ Selenium ဓာတ်က အဆိပ်အတောက်တွေကို သဘာဝနည်းဖြင့် ဖယ်ရှားပေးနိုင်ပါတယ်။ အဲ့ဒီအပြင် ကိုယ်ခံအားကိုလည်းမြှင့်တင်ပေးပါတယ်။

အဲ့ဒီအပြင် အသည်းရဲ့လုပ်ငန်းဆောင်တာတွေကို ပေါ့ပါးအားကောင်းအောင် လုပ်ဆောင်ပေးနိုင်တဲ့ အင်ဇိုင်းဓာတ်တွေပါဝင်နေပါတယ်။

ပဲ

ပဲမှာ အမျှင်ဓာတ်ပါဝင်ပြီး ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်ပါတယ်။ ပဲမှာ ပရိုတင်းဓာတ်လည်းကြွယ်ဝစွာပါဝင်နေပါတယ်။

ပဲက အစာခြေရလည်းလွယ်ပြီး အာဟာရဓာတ်တွေလည်း အများကြီးပေးစွမ်းနိုင်တဲ့ အစားအစာတစ်မျိုးပါ။

ကြက်သွန်နီ

ကြက်သွန်ဖြူလိုပါဘဲ ကြက်သွန်နီမှာ Allicin ဓာတ်ကြွယ်ဝစွာပါဝင်ပြီး အသည်းနဲ့ အစာခြေစနစ်တစ်လျှောက်လုံးမှာရှိတဲ့ အဆိပ်အတောက်တွေကို သန့်စင်ပေးပါတယ်။

အဲ့ဒီအပြင် ပိုတက်ဆီယမ်၊ အမျှင်ဓာတ်၊ Phytonutrients နဲ့ Flavonoids ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။

ကန်စွန်းဥ

ကန်စွန်းဥ၊ မုန်လာဥနီတို့မှာ Carotene ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ Beta Carotene ဓာတ်က ခန္ဓာကိုယ်ထဲရောက်ပြီး အသည်းရဲ့လုပ်ဆောင်ချက်ကြောင့် ဗီတာမင် A အဖြစ်ပြောင်းလဲသွားပါတယ်။

ဒါ့ကြောင့် ဗီတာမင် A ကို Beta-Carotene ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကနေ ရရှိနိုင်ပါတယ်။

ကျန်းမာပြီး သန့်ရှင်းတဲ့ အသည်းကို ရဖို့

သဘာ၀ အစားအစာတွေစားပါ။

ဆားနဲ့ အဆီဓာတ်တွေ ရှောင်ကြဉ်ပါ။

ရေကို လုံလောက်စွာ သောက်သုံးပါ။