ကီဝီသီးတွေဟာ သေးငယ်ပေမယ့် အကျိုးများစေတဲ့ အသီးတစ်မျိုးပါ။ မြန်မာနိုင်ငံမှာ ဝယ်ဖို့အတွက် သိပ်ပြီး မလွယ်ကူစေပေမယ့် City Mart တွေမှာတော့ ရနိုင်ပါတယ်။ ပိုတက် ဆီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင်အီးနဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါရှိတဲ့အပြင် ဗီတာမင်စီမှာ လိမ္မော်သီးထက်ပင် ၂ဆ ပိုမို ပါဝင်မှု များပြားပါတယ်။

ကီဝီသီးဟာ ပန်းနာရင်ကြပ်သမားတွေအတွက်ကတော့ စားသင့်တဲ့ အသီးပါ။ သူက အသက်ရူအင်္ဂါအဖွဲ့အစည်းကို အားကောင်းစေပါတယ်။ သွေးထဲက အဆီတွေ ပိတ်ဆို့ခြင်းကို လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။  ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ကော့ပါး စသည့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါရှိခြင်းကြောင့် သွေးအားနည်း ရောဂါ ဖြစ်ပွားခြင်း ကိုလည်း ကာကွယ်ပေးနိုင် စွမ်းရှိပြီး ခန္ဓာကိုယ် အတွင်း စီးဆင်း နေသော သွေးအပြစ် အကျဲကို ထိန်းညှိ ပေးနိုင်စွမ်း ရှိကြောင်း သိရပါတယ်။

ခန္ဓာကိုယ်အတွင်း ဇီဝရုပ် ဖြစ်ပျက်ခြင်းနဲ့ အာရုံကြော အဖွဲ့အစည်း များကို အားကောင်း စေနိုင်တယ်လို့ သိရပါတယ်။ ကီဝီသီးထဲမျာ ပါဝင်တဲ့ ဓါတ်တစ်မျိုးဟာ လူတို့၏ခန္ဓာကိုယ်အတွင်းမှ ပိုလျှံနေတဲ့ အဆီဓါတ်များကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။

ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးပြီး အာဟာရစုပ်ယူမှုကောင်းခြင်းကြောင့် ဆီးမှန် ဝမ်းမှန်စေကာ ကျန်းမာဖွံ့ဖြိုး အလှတိုးလာစေပါတယ်။ သွေးထဲကအဆီဓါတ်တွေစုပ်ယူပေးခြင်း၊ ဝမ်းမှန်ခြင်းတို့ကို ရရှိစေပါမယ်။