ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ Tea တွေ ပြင်ဆင်တဲ့အခါ သတိမမူမိတဲ့ အမှားလေးတွေ ရှိကြပါတယ်။ Mint Tea, Ginger Tea, Rosehip Tea အစရှိတဲ့ လက်ဖက်ရည်တွေကို အိမ်မှာပဲ ကိုယ်တိုင်ပြုလုပ်ပြီး သောက်ကြတာများပါတယ်။ ဒီလို Herbal Tea တွေကို ကိုယ်အလေးချိန် လျှော့ချဖို့ အတွက် သောက်ကြသလို၊ ဖျားနာခြင်း၊ အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ကြပ်နဲ့ ကိုလက်စထရောကို ထိန်းညှိဖို့အတွက် သောက်ကြပါတယ်။ အခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရနိုင်တာမို့ ရေပန်းစားပါတယ်။

Herbal Tea တွေ ပြုလုပ်တဲ့အခါ သတိမပြုမိတဲ့ အမှားလေးတွေကို မျှဝေချင်ပါတယ်။

သကြားမထည့်ပါနဲ့

Tea တွေ သောက်ရတဲ့ ရည်ရွယ်ချက်ဟာ ကိုယ်တွင်းက သကြားဓာတ်ကို ထိန်းညှိဖို့အတွက်ပါ။ ဒါကြောင့် သကြားမထည့်ဘဲ သောက်တာဟာ အကောင်းဆုံးနဲ့ အသင့် တော်ဆုံးပါပဲ။ အချိုမပါဘဲ မသောက်ချင်ဘူးဆိုရင်တော့ သကြားအစား ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်သောက်ပါ။

နွားနို့လုံး၀ မထည့်ပါနဲ့

Herbal Tea ထဲကို နွားနို့ မထည့်သင့်ပါဘူး။ အထူးသဖြင့် ကိုယ်အလေးချိန် လျှော့ချချင်သူဆိုရင်တော့ အထူးသတိထားရပါမယ်။ ဒါ့အပြင် ပင်စိမ်းပါတဲ့ Tea ဆိုရင် သတိထားပါ။ နွားနို့နဲ့ ဓာတ်မတည့်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Herbal Tea ဆိုရင် စိတ်ချရအောင် နွားနို့မထည့်တာ အကောင်းဆုံးပါပဲ။

tea

အရမ်းပူ၊ အရမ်းအေးနေတာမျိုး ရှောင်ပါ

Tea သောက်တဲ့ အခါ အရမ်းပူတာမျိုးကို မသောက်သင့်သလို အရမ်းအေးစက်သွားရင်လည်း မသောက်သင့်ပါဘူး။ သောက်သုံးဖို့ အကောင်းဆုံး အခြေအနေကတော့မပူမအေး အနေအထားက အကောင်းဆုံးပါပဲ။

ပြန်နွေးမသောက်ပါနဲ့

အရမ်းအေးတာ မသောက်နဲ့ဆိုလို့ ပြန်နွေးပြီး သောက်တယ်ဆိုတာမျိုးတော့ မဖြစ်ပါစေနဲ့။ ရေနွေးကြမ်းဖြစ်ဖြစ် Herbal Tea ဖြစ်ဖြစ် ပြန်နွှေးမသောက်သင့်ပါဘူး။ သူ့မှာပါတဲ့ ဓာတ်တွေ ပျက်ဆီးသွားတတ်လို့ပါ။

Tea ပြင်နေတဲ့ အချိန်မှာ အဖုံး အုပ်မထားပါနဲ့

Tea ကို အဖုံးအုပ်ထားပြီး သောက်တာက မကောင်းပါဘူး။ အဖုံးဖွင့်ထားပြီး ပြင်ပက အောက်ဆီဂျင်နဲ့ ဓာတ်ပြုတဲ့အခါ ပိုပြီးကောင်းမွန်တဲ့ အကျိုးတွေ ရစေနိုင်တာကြောင့်ပါ။

Ref: zeenews