ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ကင်ဆာကိုကာကွယ်ပေးမယ့် သီးနှံများ

August 6, 2016

ကင်ဆာကိုကာကွယ်ပေးမယ့် သီးနှံများ

Share this on:

အောက်ဖော်ပြပါ ဟင်းအချက်အမယ်တွေဟာ ကင်ဆာရောဂါကို မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်တယ်လို့ ဆေးပညာရှင်
တွေက ထောက်ခံချက်ပေးထားပါတယ်။ Shwemom ပရိသတ်ကြီးလည်း ဆောင်လိုက ဆောင်ထားနိုင်ဖို့ မျှဝေပေးလိုက်
ပါတယ်။

(၁) နနွင်း

2

ချင်းမျိုးနွယ်ဝင် နနွင်းဟာ ရောဂါပေါင်းစုံကို ကာကွယ်ပေးရုံသာမက ကင်ဆာဆဲလ်တွေကို တိုက်ဖြတ်ပေးနိုင်တဲ့ အစွမ်း
သတ္တိတွေ အများကြီးပါဝင်ပါတယ်။ နေ့စဉ် နနွင်းစားပွဲတင်ဇွန်း တစ်ဇွန်းခန့်ကို ရေနွေးဆူဆူမှာ ခပ်ပြီးသောက်ပေးပါက
ကင်ဆာရောဂါမှန်သမျှကို မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ( ကာကွယ်ပေးသော ရောဂါများ ကင်ဆာ/သွေးတိုး/ဆီးချို/သွေးချို/ပန်းနာရင်ကြပ်/ကိုယ်ဝန်အဆိပ်တက်/ကလေးငယ်လေးတွေ မွေးရာပါနှလုံးရောဂါ/သွေး
ကင်ဆာ/ မှတ်ဉာဏ်ချို့ယွင်းခြင်း)

(၂) ပင်စိမ်း

3

ပင်စိမ်းမှာလည်း ကာဘိုဟိုက်ဒြိတ်၊ ဗီတာမင် A,C,E,K တို့ ပါဝင်လို့ နေ့စဉ်ပုံမှန်သုံးစွဲသင့်တဲ့ ဆေးဝါးပဲဖြစ်ပါတယ်။ ပင်စိမ်း
ကို အရေရအောင်ကြိတ်ပြီး ခံတွင်းထဲ အ၀င်ဆိုးမှာစိုးရင် ပျားရည်အနည်းငယ်နဲ့ နေ့စဉ်မှီဝဲနိုင်ပါတယ်။ ( ကာကွယ်ပေး
သော ရောဂါများ ကင်ဆာ/သွေးတိုး/ဆီးချို/သွေးချို/နှလုံး/အဆုတ်ရောဂါ/အစာအိမ်ရောဂါ)

(၃) တရုတ်နံနံ

4

အရွက်ဖားဖားနဲ့ တရုတ်နံနံကလည်း ဗီတာမင်နဲ့ Energy ဓာတ်တွေပါဝင်တဲ့ ဆေးဘက်ဝင်အပင်ဖြစ်ပါတယ်။ အကျိုးပြု
ဗီတာမင် C 133 mg အထိ ပါဝင်လို့ နေ့စဉ်ပုံမှန်စားသုံးပေးပါက ခန္ဓာကိုယ်အတွင်းကို ကင်ဆာဆဲလ်များ ၀င်ရောက်အ
မြစ်တွယ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။  ( ကာကွယ်ပေးသော ရောဂါများ ကင်ဆာ/သွေးတိုး/ဆီးချို/သွေးချို/အ၀လွန်
ရောဂါ/အရေပြားရောဂါအမျိုးမျိုး)

(၄) လက်ဖက်စိမ်း/ခြောက်

5

လက်ဖက်စိမ်းမှာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ လက်ဖက်ခြောက်ဘ၀ကို ရောက်သွားတဲ့အခါမှာတော့ အာနိဋ္ဌ
သင် အနည်းငယ် ပျော့သွားပါတယ်။ ဒါပေမယ့် နီးစပ်ရာကို သုံးနိုင်ပါတယ်။ အဓိကအားဖြင့်တော့ လက်ဖက်စိမ်းမှာ ပို
တက်စီယမ်၊ မဂ္ဂနီစီယံ၊ ဆိုဒီယမ် စတာတွေ ပါဝင်လို့ ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။ ( ကာကွယ်ပေးသော ရောဂါများ ကင်ဆာ/သွေးတိုး/ဆီးချို/သွေးချို/အ၀လွန်ရောဂါ/နှလုံးသွေးကျောကျဉ်း/နှလုံး/အသည်းအဆီဖုံးရောဂါ)

(၅) ရှားစောင်းလက်ပတ်

6

စွယ်စုံသုံးလို့ရတဲ့ ရှားစောင်းလက်ပတ်ကတော့ အလှအပတွက် သုံးရတာ အဆင်ပြေသလောက် ရောဂါတွေကို တိုက်
ဖြတ်ဖို့အတွက်တော့ အလွန်ခါးသက်လှတဲ့ အရသာမို့ ပါးစပ်ထဲ အ၀င်တော်တော်ဆိုးပါတယ်။ ဒါပေမယ့် ပျားရည်နဲ့ တွဲ
စပ်သုံးဆောင်ရင်လည်း အကျိုးအာနိသင် အတူတူပါဘဲ။ အချို့သော ဒေသတွေမှာတော့ ပုလင်းထဲမှာ လျှားစောင်းလက်
ပတ်ကို အတုံးသေးသေးလေးတွေ လှီးထည့်ပြီး ပျားရည်နဲ့နှပ်ကာ တစ်ပတ်ပြည့်တဲ့နေ့က စပြီး မနက်တစ်ဇွန်း ညတစ်ဇွန်း
ပုံမှန် စားကြတာမျိုး ရှိပါတယ်။ ကင်ဆာကို ကာကွယ်ပေးနိုင်ပြီး အခြား ကိုယ်တွင်းရောဂါ အားလုံးနီးပါးကိုလည်း ကာ
ကွယ်ပေးနိုင်ပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

4 (2 Votes)