အာရှဒေသရဲ့ အစားအစာတွေက ကမ္ဘာအနှံ့အပြားမှာ ပျံ့နှံ့ နာမည်ကြီးနေပေမယ့် မြန်မာ အစားအစာကိုတော့ ကမ္ဘာက သိပ်မသိကြသေးပါဘူး။

မြန်မာနိုင်ငံက မြောက်ကိုရီးယား ပြီးရင် ဒုတိယမြောက် ကမ္ဘာနဲ့ အဆက်အသွယ်အပြတ်ဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်က ရုပ်သံမှတ်တမ်းတွေ ရိုက်ခဲ့သူ Robert Liebermanhe က ပြောကြားခဲ့ဖူးတယ်လို့ Huffpost သတင်းမီဒီယာက ရေးသားခဲ့ပါတယ်။

အခုနောက်ပိုင်း ဒီမိုကရေစီခေတ်ကို ကူးပြောင်းသွားပြီး ကမ္ဘာနဲ့ ဆက်သွယ် ချိတ်ဆက်နေပါတယ်။ ၂၀၁၂ ခုနှစ် သမ္မတ အိုဘားမား မြန်မာနိုင်ငံကို လာရောက်ပြီးနောက်မှာတော့ မြန်မာနိုင်ငံဟာ ကမ္ဘာက စိတ်ဝင်စားခံရတဲ့ နိုင်ငံ တစ်ခုဖြစ်လာပြီး မြန်မာ့ အစားအစာတွေနဲ့ ခရီးသွားလုပ်ငန်းတွေကို ပိုပြီး အာရုံစိုက်လာကြပါတယ်။

1395766_670126443027082_1803541049_n-e1470902420950

မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးကြီး (၈) မျိုးနဲ့ ပေါင်းစည်းထားသလို လူမျိုးပေါင်း ၁၃၅ မျိုး မှီတင်းနေထိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ အစားအစာဆိုရာမှာ လူမျိုး တစ်ခုချင်းစီရဲ့ ဟင်းလျာချက်ပြုတ်ပုံ ချက်ပြုတ်နည်းတွေကလည်း ကွဲပြားခြားနားပြီး အရောင်အသွေးစုံလင်လှပါတယ်။

မြန်မာ အစားအစာတွေအများစုကတော့ ချဉ်၊ငံ၊စပ်အရသာကို အခြေခံပြီး ချက်ပြုတ်ကြတာဖြစ်ပါတယ်။ ဟင်းလျာကြီးတွေအပြင် အရံဟင်းလျာတွေအဖြစ် အရည်သောက်ဟင်း၊ ဟင်းသီးဟင်းရွက်ပြုတ်၊ ငပိထောင်းလိုမျိုး အစပ်ကိုအခြေခံတဲ့ အရံဟင်းလျာတွေအပါအ၀င် ငပိရည်စတာတွေနဲ့ စုံစုံလင်လင် စားသောက်ကြလေ့ရှိပါတယ်။

-ငပိထောင်း-တို့စရာ-e1471419735847

ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း သို့မဟုတ် အိန္ဒိယလောက်တော့ ဟင်းလျာတွေက အစပ်၊ အချို မများပေမယ့် အရသာ ပြင်းပြင်း ပူပူစပ်စပ်လေးတွေကို ချက်ပြုတ်စားသောက်ကြပါတယ်။

တခြား အာရှနိုင်ငံတွေလိုဘဲ မြန်မာနိုင်ငံမှာ ထမင်းကိုမှ ဆန်အဖြူကိုဘဲ အဓိက စားသုံးကြတာဖြစ်ပြီး ဆန်နဲ့လုပ်တဲ့ မုန့်အမျိုးမျိုးကိုလည်း အဆာပြေစာ အဖြစ် စားသုံးကြပါတယ်။

htantheemont

တချို့ဟင်းလျာတွေကတော့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ ဟင်းလျာတွေနဲ့ အနည်းငယ် ဆင်တူတဲ့ ဟင်းလျာတွေလည်း ရှိပါတယ်။

အခုနောက်ပိုင်းတော့ “ရွှေနိုင်ငံ”လို့ အမည်တွင်တဲ့ မြန်မာနိုင်ငံရဲ့ ဟင်းလျာတွေကို ကမ္ဘာ့ အစားအစာ ကြိုက်နှစ်သက်သူတွေကလည်း ပိုပြီး စိတ်ဝင်စားနေကြပါတယ်။

နိုင်ငံရဲ့ မတူညီတဲ့ ဓလေ့ထုံးတမ်း၊ ကွဲပြားခြားနားတဲ့ တိုင်းရင်းသားဓလေ့တွေ ရောစပ်ထားတဲ့ ဟင်းလျာ အသစ်အဆန်းတွေကို ကမ္ဘာက မြည်းစမ်းကြည့်ချင်နေကြပါပြီ။

16422970_1433035910041048_7667690789173451899_o-e1486625323900

မကြာခင်မှာတော့ တခြား အာရှနိုင်ငံတွေနဲ့ မတူညီတဲ့ အရသာ ပြင်းပြင်းပျပျကို ပေးစွမ်းနိုင်ပြီး ချဉ်၊ငံ၊စပ်အရသာကို အခြေခံတဲ့ မြန်မာ ဟင်းလျာတွေက ကမ္ဘာ့အလယ်မှာ အသိအမှတ်ပြုခံရတဲ့နေရာတစ်ခုကို ရောက်ရှိလာတော့မှာပါ။

မြန်မာ ဟင်းလျာတွေကို ချက်ပြုတ်ရာမှာ ခနော ကြက်သားမှုန့်ကို မမေ့ဖို့လိုပါတယ်နော်။ ခနော ကြက်သားမှုန့်က မြန်မာနိုင်ငံမှာ ချက်ပြုတ်လေ့ရှိတဲ့ လူမျိုးတိုင်းရဲ့ ရိုးရာ ဟင်းလျာတွေနဲ့ လိုက်ဖက်အောင် အသုံးပြုလို့ရအောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ခနောကုမ္ပဏီကို လွန်ခဲ့တဲ့ နှစ် ၁၇၉နှစ်၊ ၁၉၃၉ ခုနှစ်က Carl Heinrich Knorr က ဂျာမနီနိုင်ငံ မှာ တည်ထောင်ခဲ့တာဖြစ်ပြီး အသီးအရွက်အခြောက်တွေ၊ ဆေးဘက်ဝင် အရွက်တွေကနေ အရသာရှိပြီး အာဟာရရှိမယ့် ဟင်းခတ်အမွှေးအကြိုင်တွေကို တီထွင်ခဲ့တာပါ။ အခုအထိလည်း ခနောရဲ့ ကျွမ်းကျင်တဲ့ စားဖိုမှူးကြီးတွေကလည်း နေ့စဉ် အရသာအသစ်တွေကို သုတေသနပြုလုပ် ဖော်ထုတ်လျက်ရှိပါတယ်။

ဒါကြောင့် ခနောနဲ့ဆိုရင် မိသားစုရဲ့ ထမင်းဝိုင်းလေးက အနံ့အရသာနဲ့ ပြည့်စုံပြီး အာဟာရရှိတဲ့ ပျော်ရွှင်စရာ မိသားစု ထမင်းဝိုင်းလေး ဖြစ်လာမှာပါ။