ရုတ်တရပ် ခေါင်းတခြမ်းကိုက် (Migraines) က ခံရခက်ပြီး အများအားဖြင့် ခန္ဓာကိုယ်လိုအပ်သည့် အာဟာရတွေ ချို့တဲ့လို့ ဖြစ်ပါတယ်။

မကြာခဏ ခေါင်းကိုက်တတ်သူတွေကို သုတေသန လုပ်ထားချက်အရ အောက်ဖော်ပြပါ အာဟာရဓာတ်တွေ ချို့တဲ့တာကို တွေ့ရပါတယ်။

  • ဗီတာမင် D
  • ဗီတာမင် B2
  • ဖောလစ်
  • Q 10 (a co-enyme)

တို့ဖြစ်ပါတယ်။

အဲ့ဒီအပြင် မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် နှင့် ဆိုဒီယမ် တို့ ချို့တဲ့ရင်လည်း Migraines ဖြစ်တတ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟိမဝန္တာ ဆား (Himalayan Salt) လက်ဖက်ရည်ဇွန်း ၁ ဇွန်း ရဲ့ ၄ ပုံ ၁ ပုံ
  • သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ ဖန်ခွက် 236 ml
  • ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း 

ရေထဲကို သံပုရာရည် နှင့် ဆားတို့ကိုထည့်ပါ။ သေချာ မွှေပါ။ ပျားရည်ထည့်ပြီး ချိုအောင်လုပ်ပါ။ ချဉ်ချဉ်သောက်တတ်ရင်လည်း ပျားရည်မထည့်ပါနဲ့။ ဖျော်ပြီးပြီးချင်းသောက်ပါ။

အကယ်၍ ခေါင်းကိုက်တာ အရမ်းများနေရင် ၁၀ မိနစ် ၁ ခါ ဒီလို လုပ်သောက်ပြီး ၃ ခါလောက်သောက်ပြီးရင် ခေါင်းကိုက် သိသိသာသာ သက်သာသွားပါလိမ့်မယ်။