ခေါက်ဆွဲ - Noodle Dishes | အပြုတ် - Boiled | ခေါက်ဆွဲ - Noodles

Homemade ချဉ်ငံစပ် ခေါက်ဆွဲပြုတ်

June 28, 2016

Homemade ချဉ်ငံစပ် ခေါက်ဆွဲပြုတ်

Share this on:

ပါဝင်ပစ္စည်းများ

  • သံပုရာရည်
  • အသားလုံး အစုံ
  • ဂေါ်ဖီ
  • ငါးပိထောင်း - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ငြုပ်သီးမှုန့် (အနည်းငယ်)
  • ကြက်ဥ - ၂ လုံး
  • ရှမ်းနံနံ

ပြင်ဆင်ပြုလုပ်နည်း

  1. အသားလုံးများကို ရေဆေး၍ အိုးတွင် ၃ မိနစ်ခန့် ထည့်ပြုတ်ပါ ။ ပြီးလျှင် ရေစစ်ပြီး ပန်းကန်ထဲ ထည့်ထားပါ ။
  2. အသားပြုတ်ရည်ကို အိုးထဲ ပြန်ထည့်ပြီး ခေါက်ဆွဲခြောက်များ ထည့်ပြုတ်ပါ ။
  3. ဂေါ်ဖီကို မထူမပါးလှီးပြီး ရေစင်အောင် ဆေးပါ ။
  4. Ready-made ငါးပိထောင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေနွေးအနည်းငယ်နှင့် ပျစ်ပျစ်ဖျော်ထားပါ ။ ငြုပ်သီးမှုန့် အနည်းငယ် ထည့်နိုင်ပါသည် ။
  5. ကြက်ဥ ၂ လုံးဖောက်ထည့်ထားတဲ့ ပန်းကန်ထဲသို့ ပြုတ်ထားသော ခေါက်ဆွဲများကို လောင်းထည့်ပါ ။
  6. ရှမ်းနံနံ များများ ညှပ်ထည့်ပြီး အဖုံးခန ပိတ်ထားပါ ။
  7. အစပ်ကြိုက်လျှင် ငြုပ်သီးမှုန့် ထည့်စားပါ ။ အချဉ် ထပ်ထည့်ချင်ပါကလည်း သံပုရာရည် ထပ်ထည့်ပြီး စားသုံးနိုင်ပါသည် ။
Credit: Pyae Soe Aung

Review

User Rating

2.6 (5 Votes)