ပဲ - Beans | အကြော် - Fried | မြန်မာမုန့်များ - Myanmar Desserts

Home Made စာကလေးခွေ/ကုလားပဲခွေ ကြွပ်ကြွပ်လေး

July 20, 2016

Home Made စာကလေးခွေ/ကုလားပဲခွေ ကြွပ်ကြွပ်လေး

Share this on:

အညာမှာ ဘုရားပွဲ ရှိတိုင်း အိမ်မှာ အလွယ်တကူ ဆီသန့်သန့် ၊ အရသာမှုန့် ၊ အချိုမူန့် ၊ ဆော်ဒါမှုန့် ကင်းကင်းနဲ့ ကြော်စား ဖြစ်တာလေး ပါရှင် ။

ပါဝင်ပစ္စည်းများ

  • ကုလားပဲ အစိမ်းမှုန့် - ၃ ဗူး (နို့ဆီဗူး)
  • ရေ - ၁ ဗူး (နို့ဆီဗူး)
  • ဆား - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ဆီ - ၅ ဇွန်း (လက်ဖက်ရည်ဇွန်း)

ပြုလုပ်နည်း

  1. ကုလားပဲမှုန့် လေးများကို အလယ်မှာ တွင်းလေး ဖြစ်အောင် လုပ်ပြီး တွင်းလေးထဲသို့ ရေဖြေးညင်းစွာ လောင်းထည့်ကာ အခဲလေးများ မဖြစ်အောင် သေချာ မွှေပေးပါ ။
  2. ရေကို အားလုံး မထည့်ပဲ နည်းနည်းချင်း ထည့်မွှေပေးပါ ။ ဆားထည့်ပါ ။
  3. ရေ နို့ဆီ ၁ ဘူးမှ ရေကို ဟင်းစားဇွန်း ၃ ဇွန်း လောက် မထည့်ပဲ ချန်ထားပါ ။
  4. မုန့်သား ချောမွေ့ သွားပြီး မပျော့လွန်း မမာလွန်း အနေအထား ရပြီဆိုလျှင် ဆီ လက်ဖက်ရည်ဇွန်း ၅ ဇွန်း ထည့်မွှေပေးပါ (ကြော်ပြီး နန်းဖြင့် ညှစ်ချ သည့်အခါ မုန့်သား ချောမွေ့ စေရန်ပါ) ။
  5. သံဒယ် ပြန့်ပြန့်ကို ဆီ အလုံအလောက် ထည့်ပေးပါ ။ မီး အသင့်တင့် ဖြင့်ကြော်ပေးပါ ။
  6. ဆီကျက်လျှင် မုန့်သားကို နန်းထဲမှာ တစ်ဝက်လောက် အသာယာ ထည့်ပြီး အခွေလေးများ ရအောင် ညှစ်ချပေးပါ ။
  7. မုန့်သား လေးများကို ဝါးတူလေးဖြင့် ဟိုဘက် ဒီဘက် လှန်ပေးပါ ။
  8. မုန့်လေးများ ရဲမလာခင် ဆယ်ယူ ဆီစစ်ပြီး လေလုံတဲ့ ဗူး (သို့) အိတ်မှာ သိမ်းထားပြီး စားလို့ ရပါပြီ ။
Credit: Soe’s Cooking Collection

Review

User Rating

0 (0 Votes)