မုံညင်းချဉ်ကို စားချင်စိတ်ပေါ်လာလို့ ဈေးထဲမှာ လိုက်ရှာလို့မရဘူးဆိုတဲ့အခါ အိမ်မှာပဲလုပ်စားနိုင်ဖို့အတွက် မုံညင်းချဉ်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုံညင်း
  • ဂျုးမြစ်
  • ထမင်းရည်
  • ဆား
  • နနွင်း

  • နံနံပင်
  • ကြံသကာ
  • စမုံစပါး (လှော်ထောင်းထားပါ)
  • ငရုတ်သီးခြောက် (ထောင်းထားပါ)
  • ရှောက်ကော ၊ ပါ့ကောမှုန့်

ပြုလုပ်နည်း

၁။ မုံညင်းကို အရင်ဆုံး နေပူ ၁ ရက်လှန်းထားပါ ။ ရပြီဆိုလျှင် လက် ၄ လုံးစာ အရှည်လောက် ဂျုးမြစ်ကို လှီးဖြတ်ပါ ။

၂။ ပြီးလျှင် မုံံညင်းကို လက်ဖြင့်အဝတ်လျှော်သလို ဇလုံကြီးထဲ အားရပါးရ ချေပါ ။ ရေဖြင့် ၅ ခါခန့် အစိမ်းရေဆေး ပစ်ပါ ။

၃။ မုံညင်းများကို ရေစစ်ပြီး ထမင်းရည် ၊ ဆား ၊ နနွင်း ၊ ဂျုးမြစ် တို့ကို ထည့်နှယ်ပြီး အိုး (သို့) ကျွတ်ကျွတ်အိတ်ကြီးထဲ သိပ်ထားကာ နေပူတွင် ၅ ရက်ခန့် ထုတ်လှန်းပါ ။

၄။ ချဉ်ပြီဆိုမှ ကြံသကာ ၊ နံနံ ၊ စမုံစပါး လှော်ထောင်း ၊ ငြုပ်သီးခြောက်ထောင်း ၊ ရှောက်ကော ၊ ပါ့ကောမှုန့် ထည့်နှယ်လိုက်ပါ ။

၅။ အကြာကြီးထား စားမယ်ဆိုလျှင် နေပူလှန်းစရာမလိုပါ ။

Credit: Phyu Phyuhnin