Home Made ဟမ္ဘာဂါ

Share this on:

အိမ်သားတွေ စုံတုန်းလေး Home Made ဟမ်ဘာဂါ လေးတွေလုပ်စား တာပေါ့ ။

ပါဝင်ပစ္စည်းများ

  • ကြိတ်ထားသော ကြက်သား
  • ပေါင်မုန့်
  • ဆား
  • သကြား
  • ကြက်ဥ - ၁ လုံး
  • ငရုတ်ကောင်း
  • အကြော်မှုန့် - အနည်းငယ်
  • မရောနိစ်
  • ဆလပ်ရွက်
  • သခွားသီး
  • ခရမ်းချဉ်သီး
  • ခရမ်းချဉ်သီးဆော့စ်
  • Cheese အပြား

ပြုလုပ်နည်း

  1. ကြက်သား ကြိတ်ထားတာလေးကို ဆား၊သကြား ၊ ကြက်ဥ ၊ ငရုတ်ကောင်း ၊ အကြော်မှုန့်လေး အနည်းငယ်နဲ့ စီးနေအောင် နယ်ပြီး အပြားကလေးတွေ လုပ်ပြီး ကြော်ပါ ။
  2. ကြက်ဥကိုလည်း ခေါက်ကြော်ပြီး အချပ်လေးတွေ လုပ်ထားပါ ။
  3. ပေါင်မုန့်ကို ထက်ခြမ်းခွဲ အိုးပူလေးနဲ့ ကပ်ပြီး မရောနိစ် သုတ်ပါ ။
  4. ပြီးရင် ကြက်သားပြားကြော် တစ်ထပ် ကြက်ဥကြော် တစ်ထပ် ၊ ဆလပ်ရွက် ၊ သခွားသီး ၊ ခရမ်းချဉ်သီး ၊ Cheese အပြားလေး ပါထည့် ၊ အပေါ်က ခရမ်းချဉ်သီး ဆော့စ်လေးရယ် မရောနိစ်လေးရယ် သုတ်ထားတဲ့ ပေါင်မုန့် တစ်ခြမ်းကို အုပ်ပေးလိုက်ရင် ရပြီပေါ့ ။
  5. အိမ်မှာ လုပ်စားတော့ ပါဝင်ပစ္စည်း တွေက လတ်ဆတ် သန့်ရှင်းပြီး ဝဝလည်း စားရတာပေါ့နော် ။
Credit: အန်တီဖြူ

Review

User Rating

5 (1 Votes)