ခံတွင်းရနံ့ဆိုးတွေဟာ တစ်ခါတရံမှာ လူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ခံတွင်းရနံ့တွေဟာ မမြင်နိုင်တဲ့ ပိုးတွေကြောင့် ဖြစ်တတ်သလို သွားအောက်ခြေမှာရှိတဲ့ အနယ်အနှစ်တွေကြောင့် ဖြစ်တတ်ပါတယ်။ ခံတွင်းရနံ့ဆိုးတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်ချက် နည်းပါးစေနိုင်ပါတယ်။

ခံတွင်းနံ့ဆိုးရတဲ့အကြောင်းရင်းနဲ့ ဖြေရှင်းနိုင်မယ့် သဘာဝနည်းလမ်း

ခံတွင်းရနံ့တွေဟာ စားသုံးတဲ့ အစားအသောက်တွေပေါ်မှာလည်း မူတည်ပါတယ်။ ဆေးလိပ်သောက်သူ၊ အနံ့ဆိုးတဲ့ အစားအစာတွေကို စားသုံးမယ် ဆိုရင်တော့ ခံတွင်း အနံ့ဟာ ဆိုးနေမှာပါ။ ဒါ့အပြင် ကိုယ်တွင်းကလီစာတွေရဲ့ ပြစ်ချက်တစ်ခုခုကြောင့်လည်း ခံတွင်းအနံ့ကို ဆိုးစေပါတယ်။ အစာအိမ်မကောင်းတဲ့လူတွေဟာ အနံ့ဆိုးတွေ အပေါ် ဆန်တတ်ပါတယ်။ သွားနဲ့ ခံတွင်း ရောဂါတစ်ခုခုကြောင့် ခံတွင်းအနံ့ဆိုးတာလည်း ဖြစ်စေပါတယ်။

celery

အနံ့ဆိုးတွေ သက်သာစေဖို့ အိမ်တွင်းကုထုံးလေးတွေရှိပါတယ်။ ပင်စိမ်းရွက်ကို ဝါးပေးပါ။ ဒါမှမဟုတ် ပင်စိမ်းပါတဲ့ ခံတွင်းသန့်ဆေးရည်ကို သုံးပါ။ ဆား၊ ပင်စိမ်းရွက်တို့ကို အခြေခံထားတဲ့ သွားတိုက်ဆေးကို သုံးပါ။ ရေများများသောက်ပါ။ သွားတိုက်တဲ့အခါ လျှာကိုတိုက်ပါ။ ရေနွေးကြမ်း သောက်ပေးပါ။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။ အစားအစာတစ်ခုစားပြီးတိုင်း နေကြာစေ့စား ရေသောက်ပေးပါက ခံတွင်းအနံ့ဆိုးတွေကို သက်သာစေနိုင်ပါတယ်။ ထောပတ်သီးစားပေးပါ။ မာလကာသီးအစိမ်းစားပါ။ သွားနဲ့ခံတွင်းအတွက်ပါ ကောင်းမွန်စေပါတယ်။ ဒိန်ချဉ်သောက်ပါ။

Cardamom-Seeds

အနံ့ဆိုးစေမယ့် အစားအစာတွေ စားပြီးတိုင်း စမုန်စပါးကို ဝါးပေးပါ။ လိမ္မော်သီးလို ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးအနှံတွေကိုစားပါ။ တရုတ်နံနံရွက်ကို စားပေးရင်လည်း ရပါတယ်။ လေးညှင်းပွင့်ဟာ ခံတွင်းကို မွှေးပျံ့စေနိုင်သလို သွားကိုပါ ခိုင်မာစေပါတယ်။ ဖာလာစေ့ကို ဝါးပေးရင်လည်း ခံတွင်းအနံ့ကို မွေးစေပါတယ်။

Ref: paukpauk, healthcare