ပိုးဝင်လို့ပဲ ဖြစ်ဖြစ် နားကိုက်ရင် အရမ်းကို ခံရခက်ပါတယ်။ ဒါကြောင့် နားကိုက်သက်သာစေတဲ့ သဘာ၀ ဆေးနည်းလေးကို ဝေမျှချင်ပါတယ်။

ကြက်သွန်ဖြူ

ဂျင်းက ပိုးမွှားတွေကို သေစေနိုင်တဲ့ ဓာတ်တွေပါဝင်တဲ့အပြင် နားကိုက်သာကိုလည်း အမြန်ဆုံး သက်သာစေပါတယ်။ထောင်းထားတဲ့ ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကို နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရောပြီး မိနစ်အနည်းငယ် အပူပေးလိုက်ပါ။ အအေးခံပြီး အဲ့ဒီ ဆီ ၂ စက်ကနေ ၃ စက်ကြားကို နာနေတဲ့ နားထဲကိုထည့်ပါ။

ဂျင်း

ဂျင်းကလည်း အနာကို သက်သာစေပြီး ရောင်ရမ်းတာတွေကို လျော့နေစပါတယ်။ ဂျင်းကို အရည်ထွက်အောင်လုပ်ပြီး လတ်လတ်ဆတ်ဆတ်အရည်ကို နားထဲ ၁ စက်၊ ၂စက်လောက် ထည့်လိုက်ပါ။ ဒါဆိုရင်လည်း နားနာတာတွေ သက်သာစေပါတယ်။ ဂျင်း စားပွဲတင်ဇွန်း၁ဇွန်းနဲ့ ဖန်ခွက်ရဲ့ ၄ ပုံ၁ ပုံထည့်ထားတဲ့ နှမ်းဆီနဲ့ကို ရောလိုက်ပါ။ နာနေတဲ့ နားထဲကို ၂စက်၊ ၃စက်လောက် ထည့်ပေးပါ။ ဒါဆိုလည်း နားကိုက်သာ သက်သာ ပျောက်ကင်းစေပါတယ်။

ကြက်သွန်နီ

Onion Juice

ကြက်သွန်နီကလည်း နားကိုက်တဲ့ ရောဂါအတွက် အကောင်းဆုံး ဆေးနည်းဖြစ်ပါတယ်။ ကြက်သွန်နီ အရည်ကို စားပွဲတင်ဇွန်း တစ်ဇွန်းလောက် ရအောင် ကြိတ်လိုက်ပြီး မီးအေးအေးနဲ့ အပူပေးလိုက်ပါ။ ကြက်သွန်နီအရည် ၂ စက်-၃ စက်လောက်ကို နာနေတဲ့ နားထဲ ထည့်ပေးပါ။ တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ်လောက် ထည့်လိုက်ပါ။

ဆား

ဒယ်အိုး သန့်သန့်ထဲကို ဆား စားပွဲတင်ဇွန်း ၄ ဇွန်းကနေ ၅ ဇွန်းကြားလောက် ထည့်ပြီး အပူပေးလိုက်ပါ။ ဆားက အနည်းငယ် ညိုလာတဲ့အထိ အပူပေးပါ။ အဝတ်စ သန့်သန့်ထဲကို ထည့်ပြီး နာနေတဲ့နားကို ၂ မိနစ်ကနေ ၅ မိနစ်ကြားလောက် နေ့တိုင်း ကျပ်ထုပ်ထိုးပေးပါ။ ဒါ ပိုးဝင်တာကိုလည်း သက်သာစေပြီး ယောင်ယမ်းတာလည်း လျော့စေမှာဖြစ်ပါတယ်။