အထူးသဖြင့် အသားဟင်းတွေ ချက်တဲ့နေရာမှာ အနံ့မွှေးမွှေးလေးရစေဖို့ ထည့်သွင်းကြတဲ့ စပလင်ကို ဆေးနည်းအဖြစ်လည်း အသုံးပြုလို့ရပါတယ်။

ဆေးနည်း

lemongrass-tea

စပလင်ချောင်းကို အခွံနွှာပြီး အဖြူရောင် အနု အပိုင်းကိုသာအသုံးပြုရမှာပါ။ ပါးပါးလှီးပြီး ခွက်တစ်လုံးထဲထည့်ပါ။ ပြီးရင်တော့ ရေနွေးလောင်း ထည့်လိုက်ပါ။ ၅ မိနစ်လောက် စိမ်ထားပြီး သောက်ပေးပါ။ သကြား (သို့) ပျားရည်ကိုလည်း ထည့်နိုင်ပါတယ်။ ဂျင်းကိုလည်း ကြိတ်ပြီး ထည့်ပေးလို့ ရပါတယ်။

ခန္ဓာကိုယ်အတွင်း ကအဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပြီး အအေးမိဖျားနာတာကိုလည်း သက်သာစေပါတယ်။ စပလင်မှာပါဝင်တဲ့ Antioxidant က မကောင်းတဲ့ ကိုလက်စရောကို လျှော့ချပေးပါတယ်။

အကျိုးကျေးဇူးတွေ

lemongrass-tea-625_625x350_71474008356

အိပ်မပျော်ခြင်း

အခုလို စပလင်ကို ရေနွေးနဲ့စိမ်ပြီးသောက်ပေးမယ်ဆိုရင် အိပ်မပျော်ခြင်းကို ကုသပေးနိုင်မှာပါ။ ညအိပ်ယာမဝင်ခင်မှာ တစ်ခွက်လောက်သောက်ပေးပြီးအိပ်ယာဝင်ပါ။

အရေပြားမှာ အပူဖု အနာဖုပေါက်ရင်

စပလင်အထဲက အဖြူချောင်းကို ပါးပါးလှီးပြီး ရေနွေးနဲ့စိမ်သောက်ပေးပါ။

ဖျားနာခြင်း

စောစောကလို စပလင်ကို ပါးပါးလှီးပြီး ရေနွေးနဲ့ စိမ်သောက်ပေးမယ်ဆိုရင် အဖျားလည်းကျစေမှာဖြစ်ပါတယ်။

အစာချေစနစ်

အစာစားပြီးရင် စပလင်လက်ဖက်ရည် (စပလင်ကို ရေနွေးနဲ့စိမ်ပြီး) သောက်ပေးမယ်ဆိုရင် အစာချေစနစ်ကိုအားကောင်းစေပါတယ်။

အသည်းရောင်အသားဝါ B

Processed with VSCO with hb2 preset

စပလင် ၃ ပင်ကို ရေစင်အောင်ဆေး တောက်တောက်စဉ်းပြီး ရေ ၃ ခွက်နဲ့ကျိုပေးပါ။ ၁ ခွက်ထဲကျန်အောင်ကျိုပါ။ ပြီးရင် မနက်တစ်ကြိမ် နေ့လည်တစ်ကြိမ် ညတစ်ကြိမ် ၃ ကြိမ်လောက် ကျိုပြီးသောက်ပေးပါ။

Featured Image Source: Research on Plants, Nutrition, Tea & Superfoods