လေဖြတ်လေဖြန်းခြင်းဟာ အသက်အရွယ်မရွေး တွေ့ကြုံနေရတဲ့ ရောဂါတစ်ခုဆိုရင် မမှားပါဘူး။ လေဖြတ်ခြင်းကနေ ကင်းဝေးအောင် အိမ်တွင်းနည်းလေးနဲ့ ကြိုတင်ကာကွယ်လို့ ရပါတယ်။

ဆေးအမည်က မီးဖိုချောင်သုံး ချင်း (ဂျင်း) နဲ့ ရှောက်သီး နှစ်မျိ ုးတည်းပါ၊၊ ချင်းကို အခြေ ာက်မဟုတ်ဘဲ အစိုယူ ရပါမယ်၊ လက်မတစ်ဆစ်လောက် ချင်းကို အခွံခွာပြီး အရင်းဆုံးပါးပါးလေးတွေ လွှာပါ၊၊ အဲဒီအလွှာလေးတွေ ထပ်ပြီး အပြန်ပြန်အလှန်လှန်စိတ်ရင် အစိတ်သေးသေးလေးတွေ တွေ့ရပါတယ်၊၊
အဲဒီ ချင်း ကို လက်ဖက်ရည် ပန်းကန်ထဲထည့်၊ရှောက် ရည်ကို လက်ဖက်ရည် ပန်းကန်လုံး သုံးပုံ တစ်ပုံလောက် ညှစ်ထည့်ပြီး နှပ်ထား (စိမ်ထား) ပါ၊ အဲဒီလို နှပ်ထားပြီး (2) နာရီခွဲနဲ့ သုံးနာရီ ကြားမှာ အရည်သက်သက် ကို စစ်ပြီး သောက်ရပါမယ်။

နှပ်ထားတဲ့ အချိန် (2) နာရီ ခွဲမပြည့်ရင် ဆေးအာနိသင် အပြည့်မရသလို၊ သုံးနာရီ ကျော်သွားရင်လည်း ဆေးအာနိသင် ပြယ်သွားတယ်လို့ ဆိုပါတယ်၊၊ သုံးရက် တစ်ကြိမ်ပဲ သောက်ပေးရပါမယ်၊၊

ကိုးရက် သုံးကြိမ်သောက်ပေးရင်ပဲ သိသိသာသာ သက်သာလာတာတွေ့ရပါတယ်၊၊ နောက်ပိုင်း ကိုယ့်ဘာကိုယ်ချင့်ချိန်ပြီး သောက်လို့ရပါတယ်၊၊ လေ ဖြတ်တယ်ဆိုတာ သွေးကြောလေကြောတွေ ပိတ်လို့ ဖြစ်တာပါ၊၊ဒီဆေးက သွေး ကြော လေကြောတွေကို ပြန်ဖွင့်ပေးတယ်လို့ ဆိုပါတယ်၊၊

မောင်ပွင့်ဉာဏ် (မောရ)