ရိုးရိုးကြက်သားကြော်နဲ့ Chicken Popcorn ဆိုရင် တော်တော်များများက Chicken Popcorn ကိုပိုကြိုက်ကြမယ်ထင်ပါတယ်။ အစပ်ကြိုက်တဲ့သူတွေအတွက်တော့ Chicken Popcorn ကိုပဲကြိုက်ကြတာပါ။

ဒီတော့ ဆိုင်တွေမှာဝယ်စားနေတဲ့အရသာအတိုင်းဖြစ်အောင် Chicken Popcorn ကို ဘယ်လိုကြော်ရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးကို မျှဝေပေးလိုက်ပါတယ်။

Chicken Popcorn ပြုလုပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ အရိုးမပါတဲ့ကြက်အသားချည်းပဲ ၅၀၀ ဂရမ်လိုပါတယ်။ ပြီးရင်တော့ ကြက်သားတွေကို အတုံးသေးသေးလေးတွေတုံးထားပေးပါ။

Source: www.kk’skitchen.com

နောက်ထပ်လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်ဥ – ၁ လုံး၊ ဆား – အနည်းငယ်၊ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ပဲငံပြာရည် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ရှာလကာရည် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ငရုပ်သီးမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ပဲမှုန့် – စားပွဲတင်ဇွန်း ငါးပုံ ပုံ တစ်ပုံစာနဲ့ Oregano (ဟင်းခတ်အမွှေးအကြိုင်) – လက်ဖက်ရည်ဇွန်း တစ်ဝက် တို့ လိုအပ်ပါတယ်။

Source: www.kk’skitchen.com

စတင်ပြုလုပ်ဖို့အတွက် အတုံးသေးလေးတွေတုံးထားတဲ့ ကြက်သားပန်းကန်ထဲကို ပါဝင်ပစ္စည်းအားလုံးထည့်ပြီး သမအောင်နယ်ပေးရပါမယ်။ သမအောင်နယ်ပြီးရင်တော့ ၁၀ မိနစ်လောက်ထားလိုက်ပါ။

Source: www.kk’skitchen.com

နောက်ထပ်ပန်းကန်ပြားထဲကို ဂျုံမှုန့် – ခွက်တစ်ဝက်စာနဲ့ Bread Crumbs – ခွက်တစ်ဝက်စာ၊ ငရုပ်သီးအကျက်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာနဲ့ ဆား – အနည်းငယ်တို့ကိုထည့်ပြီး သမအောင်နယ်ပေးပါ။

Source: www.kk’skitchen.com

ခုနကနယ်ထားတဲ့ကြက်သားတွေကို ပန်းကန်ထဲထည့်ပြီး နယ်ပေးပါ။ ပြီးရင်တော့ ဆီအိုးထဲထည့်ကြော်လို့ရပါပြီ။

Source: www.kk’skitchen.com

နောက်ဆုံးမှာတော့ ပန်းကန်ထဲထည့်ပြီး အသင့်စားသုံးနိုင်တဲ့ Chicken Popcorn ကို ရရှိသွားပါပြီ။

Source: www.kk’skitchen.com