အားလုံးပဲ မင်္ဂလာပါ။ ရေခဲမုန့်ကြိုက်တဲ့ Foodies လေးတွေအတွက် ဒီတစ်ခါမှာတော့ အိမ်မှာပဲ လွယ်လွယ်ကူကူလုပ်လို့ရမယ့် ရေခဲမုန့်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ကြီးကြီးမားမား ကိရိယာတန်ဆာပလာတွေ မလိုအပ်ဘဲ ပါဝင်ပစ္စည်း ၂ မျိုးတည်းနဲ့ အလုပ်ဖြစ်သွားမယ့် ရေခဲမုန့်လေးပါပဲ။

ပါဝင်ပစ္စည်း ၂ မျိုးကတော့ ခရင်မ်နဲ့ နို့ဆီပဲဖြစ်ပါတယ်။

ပြုလုပ်နည်းအဆင့်ဆင့်

ပထမဦးဆုံး ဇောက်နက်တဲ့ ပန်းကန်လုံး အကြီးတစ်လုံးထဲကို ခရင်မ်တွေ ထည့်ပြီး ခရင်မ်လေးတွေ ပျစ်ပျစ်လေးဖြစ်သွားအောင် မွှေပေးလိုက်ပါ။

ဒုတိယအဆင့်အနေနဲ့ နို့ဆီကို အခြားပန်းကန်လုံးထဲထည့်ပြီး ကွတ်ကီးလေးတွေကို ခြေထည့်လို့လည်း ရသလို၊ စပျစ်သီးခြောက်တွေ ထည့်လို့လည်းရပါတယ်။ ဒါမှမဟုတ် ချောကလက်အရသာလိုချင်သူတွေက ချောကလက်အမှုန့် (သို့) စတော်ဘယ်ရီအမှုန့် စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာထည့်လို့ရပါတယ်။ ( ဘာမှမထည့်ဘဲ နို့ဆီသီးသန့်ဆိုလည်း နို့ရေခဲမုန့်ကြိုက်သူတွေအတွက် အဆင်ပြေပါတယ်)

နို့ဆီပန်းကန်လုံးထဲကို ခုနကမွှေထားတဲ့ ခရင်မ်လေးတွေထည့်ပြီး ဇွန်းလေးနဲ့ နှံ့စပ်အောင် မွှေပေးလိုက်ပါ။

ပြီးရင် ကော်ဗူးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၆ နာရီခန့် အအေးခံလိုက်ပါ။

အအေးခံပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ ရေခဲမုန့်လေးကို သုံးဆောင်နိုင်ပါပြီ။

Source: www.kevinandamanda.com