အားလုံးပဲမင်္ဂလာပါနော်။ စားရတာလွယ်တယ်။ အရသာလည်းရှိ၊ ဗိုက်လည်းပြည့်တဲ့ ဆူရှီလိပ်နည်းလေးကို ပြောပြပေးမယ်နော်။

ပိတ်ရက်တွေမှာ မိသားစုနဲ့အတူတူ လိပ်စားလို့လည်းရတာပေါ့။

ပါဝင်ပစ္စည်း

ရေညှိ

ထမင်း (ရှမ်းဆန် (သို့) စေးသောဆန်)

ဆယ်လ်မွန်ငါး

ထောပတ်သီး

ခရင်မ်ချိစ်

နှမ်းဆီ၊ ဆားအနည်းငယ်

ပြုလုပ်နည်း

ထမင်းကိုအရင်ချက်ထားရမယ်နော်။ ထမင်းရပြီဆိုရင် ဆီနည်းနည်း၊ ဆားနည်းနည်းလေးနဲ့နယ်ထားလိုက်ပါ။

ရေညှိကိုဖြန့်ပြီး ထမင်းကို အရင်ထည့်လိုက်ပါ။

ဆယ်လ်မွန်ငါးကို ပါးပါးလေး ရှည်ရှည်လေးလှီးလိုက်ပါ။

အပေါ်ကနေတင်လိုက်ပြီး၊ ထောပတ်သီး၊ခရင်မ်ချိစ်ထည့်လိုက်ပါ။ မိမိနှစ်သက်ရာ အသားနဲ့ အသီးအနှံထည့်နိုင်ပါတယ်။

ပြီးရင်သေချာလေးလိပ်ပေးလိုက်ပါ။

အဲဒီနောက် ဓါးထက်ထက်နဲ့ အတုံးလေးတွေလှီးပေးလိုက်ပြီး သုံးဆောင်လို့ရပါပြီနော်။

Source: fifteenspatulas.com

By: MyFood Myanmar