ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ပျားရည်ကို ဆေးဝါးအဖြစ် အသုံးပြုလို့ရတဲ့ နည်းလမ်းများ

August 16, 2017

ပျားရည်ကို ဆေးဝါးအဖြစ် အသုံးပြုလို့ရတဲ့ နည်းလမ်းများ


Share this on:

ပျားရည်က ကျန်းမာရေးအတွက် အများကြီး အကျိုးရှိပါတယ်။ တခါတရံ ဆေးဝါးတွေမသောက်ချင်ရင်လည်း အိမ်မှာရှိတဲ့ ပျားရည်လေးနဲ့လည်း ကုသလို့ရပါတယ်။

ခေါင်းကိုက်၊ အာရုံကြောကိုက်ခဲတာတွေအတွက်

ခေါင်းကိုက်တာတွေ၊ အာရုံကြောကိုက်ခဲနေရင် ပျားရည်နဲ့ ကုသလို့ရပါတယ်။ ပျားရည် စားပွဲတင်ဇွန်း ၁ဇွန်းကို ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရေနွေးပူပူတစ်ခွက်နဲ့ ရောလိုက်ပါ။ သူတို့ကို သမအောင်မွှေပြီး သောက်လိုက်ပါ။

honey-detoxifying-tea

အအေးမိနေပါသလား

အအေးမိနေရင်လည်း သံပုရာသီး လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ ရောပြီး ဂျင်းရေနွေးကြမ်းတစ်ခွက်ထဲထည့်ပြီး မွှေကာ သောက်လိုက်ပါ။

apple-cider-vinegar-honey-750x422

ဝမ်းပျက်ဝမ်းလျှော ၊ဗိုက်အောင့်နေရင်

အစာမှားတာနဲ့ ခဏခဏ ၀မ်းလျှောတတ်သူ၊ ၀မ်းပိတ်ဆေးသောက်ပြီးဝမ်းချုပ်သွားမှာကို စိုးရိမ်တတ်သူတွေအတွက် အကောင်းဆုံးဆေးပါဘဲ။

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို

ရေနွေး စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့

ရောပြီး သောက်လိုက်ပါ။ ၀မ်းမပိတ်မခြင်း ၂ခါ၊ ၃ ခါလောက်သောက်လည်း ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ အရမ်းပြင်းထန်တဲ့ ၀မ်းပျက်တာတွေ ကာလ၀မ်းရောဂါတွေဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Review

User Rating

4.2 (5 Votes)