အစားအသောက်က ဘယ်လောက်ဘဲ အရသာကောင်းကောင်း သင့်အသက်အန္တရာယ်ကို ထိခိုက်နိုင်တယ်ဆိုရင်ကော သင်စားချင်ပါသေးလား။ ကမ္ဘာပေါ်မှာ ချက်ပြုတ်နည်း နည်းနည်း လွဲချော်သွားတာနဲ့ သေဆုံးတဲ့အထိ ကျန်းမာရေး ထိခိုက်နိုင်တဲ့ အစားအစာတွေ ရှိပါတယ်။

တာရန်ကူလာ ပင့်ကူကြော် (Tarantula)

တာရန်ကူလာ ပင့်ကူကြော် (Tarantula) ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ နာမည်ကြီးတဲ့ ဟင်းလျာဖြစ်ပါတယ်။ အရမ်းအရသာရှိပြီး ဈေးကြီးတဲ့ ဒေသတွင်းအစားအစာဖြစ်ပါတယ်။ သူ့ အသားက နူးညံ့ပြီး ကြက်သွန်ဖြူနဲ့ဆီနဲပ ကြော်လိုက်ရင် ကြွပ်ကြွပ်ရွရွလေးဖြစ်သွားပါတယ်။ ဒီ အစားအစာကို နာမည်ကြီးဆိုင်တွေမှာ စားရဖို့ အမြဲလိုလို နိုင်ငံသားတွေရော ကမ္ဘာလှည့်ခရီးသည်တွေပါ တန်းစီပြီး စောင့်ဆိုင်းရပါတယ်။

ဒါပေမယ့် အဲ့ဒီ တာရန်ကူလာ ပင့်ကူမှာ အရမ်းပြင်းတဲ့အဆိပ်ရှိပြီး သေချာမချက်တတ်ရန် သေစေနိုင်ပါတယ်။

သင်မထင်ထားတဲ့ လူတွေ စားသုံးကြတဲ့ ကမ္ဘာအန္တရာယ် အရှိဆုံး အစားအစာများ

အဆိပ်ရှိတဲ့ အသီး

Ackee ဆိုတဲ့ အသီးက ဂျမေကာနိုင်ငံရဲ့ ရိုးရာ အစားအစာတစ်ခုလည်းဖြစ်ပါတယ်။ အသီးရဲ့ အသားဘဲ စားလို့ရတာပါ။ သူ့ကို ပြုတ်ပြီး ကြော်ကာ ဆလပ်ရွက်၊ ဝေဖာ နဲ့ တခြား အသီးတွေနဲ့ တွဲစားကြပါတယ်။ အရသာက အီအီစိမ့်စိမ့်လေးနဲ့ စားလို့ကောင်းပါတယ်။ ဒါပေမယ့် မမှည့်သေးတဲ့ အသီးတွေမှာ အဆိပ်တွေရှိနေတာကြောင့် အန္တရာယ်များပါတယ်။ သေချာ မချက်ပြုတ်နိုင်ရင်လည်း အသက်သေဆုံးနိုင်ပါတယ်။

1

ကမ္ဘာပေါ်မှာ အစပ်ဆုံး ငရုတ်သီး

Naga Jolokia ငရုတ်သီးက ဂရင်းနစ် စံချိန်ထဲဝင်တဲ့ ကမ္ဘာပေါ်မှာ အစပ်ဆုံး ငရုတ်သီးဖြစ်ပါတယ်။ သူ့မှာ capsicin ဓာတ်ပါဝင်ပြီး လူကို သေစေနိုင်ပါတယ်။ ဟင်းချက်တဲ့အချိန်မှာတောင် အရမ်းနည်းနည်းလေးဘဲ သုံးသင့်ပါတယ်။ သုံးသင့်တဲ့ ပမာဏထက် ၁ ဂရမ်လောက်တောင် ပိုသုံးမိရင်တောင် သေစေနိုင်ပါတယ်။ ဒါပေမယ့် စိုက်ပျိုးရေးလုပ်ငန်းတွေမှာတော့ ဆင်ရိုင်းတွေ သီးနှံစိုက်ခင်းတွေကို မဖျက်စီးအောင် အရံအတားအနေနဲ့ စိုက်ပျိုးထားပါတယ်။