အားလုံးပဲ မင်္ဂလာပါ။ ကိုရီးယားကားတွေကြည့်ရင်း တော့ပိုကီ ကိုယ့်ဘာသာလုပ်စားချင်စိတ် ပေါ်လာကြတယ်မလား။ ဒါဆိုရင် ကိုယ့်ဘာသာ အိမ်မှာအလွယ်တကူ လုပ်စားနိုင်မယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • တော့ပိုကီအချောင်းများ ၁ ပေါင်ခန့်
  • ရေ ၄ ခွက် (၉၄၆ မီလီလီတာ)
  • ငါးပါးနီ ၇ ကောင်
  • ပင်လယ်ရေညှိတစ်ပြား
  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၅ ဇွန်း

  • ကြက်ဥပြုတ် ၂ လုံး (မထည့်လည်း ရပါတယ်)
  • ကြက်သွန်မြိတ် ၃ ချောင်း (အလျားလိုက် ခပ်ရှည်ရှည်လှီးဖြတ်ထားပါ)
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

ဒယ်အိုးထဲတွင် ရေထည့်ပြီး ငါးပါးနီနဲ့ ပင်လယ်ရေညှိထည့်ပြီး အိုးအဖုံးဖွင့်လျက်သားနဲ့ ၁၅ မိနစ်ခန့် ပြုတ်ထားပါ။ ငရုတ်နှစ်၊ ငရုတ်သီးမှုန့်နဲ့ သကြားတို့ကို သမအောင်ရေမွှေထားလိုက်ပါ။

ဒုတိယအဆင့်အနေနဲ့ ငါးပါးနီနဲ့ ပင်လယ်ရေညှိများ ခပ်ထုတ်လိုက်ပြီး ထော့ပိုကီချောင်းများထည့်ပြုတ်လိုက်ပါ။ ထို့နောက် စောစောကမွှေထားသော ငရုတ်နှစ်များ၊ ကြက်သွန်မြိတ်နဲ့ ကြက်ဥပြုတ်များထည့်ပြီး ရေအနည်းငယ်ထပ်ထည့်ကာ ပြုတ်လိုက်ပါ။

ထော့ပိုကီချောင်းများ နူးညံ့လာသည်အထိ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားပါ။ မကြာခဏမွှေပေးဖို့လည်း မမေ့ပါနဲ့။ တကယ်လို့ ထော့ပိုကီချောင်းများ မနူးညံ့သေးပါက ရေအနည်းငယ်ထပ်ထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ စပ်စပ်ကလေးနဲ့စားလို့ကောင်းတဲ့ ကိုရီးယားတော့ပိုကီလေးကို စားသုံးနိုင်ပါပြီ။

Source: Maangchi.com