အစားအစာတွေမှာ ကြာရှည်ခံအောင်လို့ ဓာတုပစ္စည်းတွေကို အသုံးပြုလေ့ရှိပါတယ်။ ကြာရှည်ခံ ဓာတုပစ္စည်းတွေကို ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေမှာလည်း ထည့်ထားသလို စားသောက်ကုန်ပစ္စည်း တချို့မှာလည်း ထည့်ထားတတ်ကြပါတယ်။

အများအားဖြင့် သင်ဝယ်လေ့ရှိတဲ့ အစားအစာတွေထဲ ၁၀ ခုထဲက ၈ ခုလောက်မှာ ကြာရှည်ခံပစ္စည်းတွေ ပါဝင်နေပါတယ်။

vegetables-449950_1920

ကြာရှည်ခံဆေးဝါး တွေ ပါဝင်တဲ့ အစားအစာအန္တရာယ်တွေအကြောင်းကို ဝေမျှချင်ပါတယ်။

ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်ခြင်း

ကြာရှည်ခံပစ္စည်းတွေမှာ BHA နဲ့ BHT ဆိုတဲ့ ဓာတ်တွေပါဝင်ပြီး ကင်ဆာကိုဖြစ်စေနိုင်တဲ့ Carcinogenic ဓာတ်တွေထုတ်လုပ်ပါတယ်။

ဒါပေမယ့် တချို့လူတွေက BHA နဲ့ BHT ဓာတ်ကို ဓာတ်ပြုပြီး ကင်ဆာဖြစ်စေနိုင်တဲ့ Carcinogenic ဓာတ် မထွက်သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဓာတုနည်းနဲ့ လုပ်ထားတဲ့ BHA နဲ့ BHT တို့ကတော့ အန္တရာယ်ရှိပါတယ်။

သဘာ၀ BHA နဲ့ BHT ဓာတ်တွေကိုတော့ အာလူး၊ အသား တွေတို့မှာ တွေ့နိုင်ပါတယ်။

Allergic တွေ ဖြစ်နိုင်ခြင်း

hand-eating-chopsticks-food-74153

ကြာရှည်ခံ ဓာတု ပစ္စည်းတွေဖြစ်တဲ့ Tartrazine၊ Carmine တို့က မတည့်ရင် အရေပြား ယားယံတာ၊ အဆစ်တွေ၊ ကြွက်သားတွေ နာကျင်တာ၊ ရင်ကျပ်၊ အားနည်းတာတွေ ဖြစ်နိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ရောဂါတွေ ဖြစ်လာနိုင်ခြင်း

၁၉၉၇ ခုနှစ်က Dr. Richard W. Pressinger ရဲ့ သုတေသန အရ အစားအစာတွေမှာပါဝင်တဲ့ ကြာရှည်ခံ ပစ္စည်းတွေဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေနဲ့လည်း ဆက်စပ်ကြောင်းကို သိရှိခဲ့ရပါတယ်။

1-1220978866hiFu

တက်ကြွမှု လွန်ကဲတဲ့ လက္ခဏာကို ခံစားနေရတဲ့ ကလေးတွေ (Hyperactive) ကလည်း အစားအစာတွေမှာပါဝင်တဲ့ ကြာရှည်ခံပစ္စည်းတွေနဲ့ ဆက်စပ်မှု ရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Natural Ovens Baker သုတေသနအဖွဲ့က ကလေးတွေရဲ့ နေ့လည်စာ စားသုံးမှုနဲ့ အကျိုးသက်ရောက်မှုကို ၅ နှစ်တာ သုတေသနပြုလုပ်ခဲ့ပါတယ်။

623-05661831c_998_380

ကြာရှည်ခံပစ္စည်းတွေ သုံးထားတဲ့ အစားအစာတွေအစား ကြာရှည်ခံပစ္စည်း မသုံးထားတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေ့လည်စာတွေကို ပြောင်းလဲကျွေးလိုက်တဲ့အခါမှာ ကလေးတွေရဲ့ ပညာရေး စွမ်းဆောင်ချက်တွေက ပိုကောင်းလာတာကို တွေ့ရှိခဲ့ရပါတယ်။

ခနော ကြက်သားမှုန့်

Knorr Pico KV
ကြက်သားမှုန့် ထုတ်လုပ်စဉ်၊ အခြောက်ခံစဉ်တွေမှာ သဘာဝနည်းအတိုင်း ပြုလုပ်ထားပြီး လူတွေကို အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ၊ ဓာတု ပါဝင်ပစ္စည်းတွေ မသုံးစွဲထားပါဘူး။

အဲ့ဒီအပြင် ထိုင်းနိုင်ငံမှာ အသိအမှတ်ပြုခံထားရတဲ့၊ အရည်အသွေးမြင့် အစားအစာတွေကျွေးမွေးပြီး မွေးမြူထားကာ ဟော်မှုန်းဆေးဝါးတွေနဲ့ ရောဂါကာကွယ်တဲ့ ဓာတု ဆေးဝါးတွေမသုံးထားတဲ့ သန့်ရှင်းတဲ့ ကြက်မွေးမြူရေးခြံတွေနဲ့ ပူးပေါင်းပြီး ထုတ်လုပ်တာဖြစ်ပါတယ်။
အဲ့ဒီအပြင် ကြက်သားမှုန့်ကို ကျန်းမာရေး ကောင်းပြီး အရွယ်ရောက်ပြီးသား ကြက်တွေနဲ့သာ ထုတ်လုပ်တာဖြစ်ပါတယ်။

ဒီဆောင်းပါးကို ခနော ကြက်သားမှုန့်က ပံ့ပိုးကူညီပေးထားတာဖြစ်ပါတယ်။