ကြက်သွန်နီဟာ ကျန်းမာရေးအတွက်သာမက အလှအပအတွက်ပါ ရတနာတစ်ပါးလို အကျိုးပြုတယ်ဆိုရင် ယုံကြည်နိုင်ပါ့မလား။ ကြက်သွန်နီဟာ အခွံနွှာတုန်းပဲ ဖြစ်ဖြစ်၊ လှီးတဲ့အခါပဲ ဖြစ်ဖြစ် မွှန်ထူပြီး မျက်ရည်ဝဲရသလို စားရင်လည်း ခံတွင်းအနံ့ဆိုးစေတာကြောင့် အလှအပနဲ့ ဆက်စပ်နေတယ်လို့ ဘယ်သူမှ ထင်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ အလှအပအတွက် ဘာတွေ အကျိုးပြုသလဲဆိုတာ လေ့လာကြည့် ရအောင်ပါ။

Source: organskabasta.rs

ကြက်သွန်နီကို ကြိတ်ခြေပြီး ရလာတဲ့ အရည်နဲ့ ပျားရည်လက် ဖက်ရည်ဇွန်းတစ်ဇွန်း၊ လာဗန်ဒါ အမွှေးရည် သုံးစက်ရောပြီး ဦးရေ ပြားကို သုတ် လိမ်းပေးမယ်ဆိုရင် ဆံပင်ကျွတ်တာ သက်သာစေသလို ဆံပင်များများပေါက်ကာ သန် စွမ်းစေပါတယ်။

Source: Tastessence

ကြက်သွန်နီက သွေးတွင်း သကြားဓာတ်ကို ပုံမှန်ဖြစ်စေတဲ့ အတွက် ဆီးချိုဝေဒနာရှင်တွေ ဆိုရင် ကြက်သွန်နီနေ့တိုင်း စားသုံးပေးဖို့ လိုအပ်ပါတယ်။ ကြက် သွန်နီစားလိုက်တာနဲ့ အဆုတ်၊ သားအိမ်၊ အစာအိမ်၊ ရင်သား၊ အသည်း၊ ခံတွင်းနဲ့ ဦးနှောက်ကင် ဆာစတဲ့ ကင်ဆာရောဂါအမျိုး မျိုးကို ကာကွယ်ပြီးသားဖြစ်စေပါ တယ်။ ဒါတင်မက ကြက်သွန်နီပုံ မှန်စားပေးတယ်ဆိုရင် သွေး ကြောပိတ်၊ သွေးတိုး၊ လေဖြတ်၊ နှလုံးထိခိုက်ခံရတာတွေ မဖြစ် အောင် ကာကွယ်ပေးနိုင်ပြီး နှလုံးကျန်းမာရေးကောင်းစေပါ တယ်။ နောက်ပြီး ကိုယ်ခံစွမ်း အား ကောင်းစေကာ အရိုးသန်မာ ဖို့အတွက်လည်း ကူညီပေးပါ တယ်။

Source: Real Simple

ကြက်သွန်နီဟာ ပန်းနာရင် ကျပ်နဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါတွေ သက်သာစေ ဖို့ ကောင်းကျိုးပြုပေမယ့် ကြက် သွန်နီနဲ့ ဓာတ်မတည့်သူတွေအ တွက်တော့ ဝေးဝေးရှောင်ရမှာပါ။  ကြက်သွန်နီကို အစိမ်းလိုက်စားရင် ခံတွင်းကို နံစေတယ်ဆိုပေမယ့် ခံတွင်းထဲက ရောဂါပိုးမွှား တွေကို သေစေကာ သွားနာ၊ သွားကိုက်ဝေဒနာတွေကို ပျောက်ကင်းစေပါတယ်။  ကြက်သွန်နီနည်း နည်းကို နေ့စဉ် နှစ်မိနစ်၊ သုံးမိနစ် လောက်ဝါးပေးရင်းနဲ့ ခံတွင်းထဲကဘက်တီးရီးယားတွေကို ဖယ်ရှား သန့်စင်လို့ရပါတယ်။

Source: Cooking Light

အသားအရေလှပချင်ရင် လည်း ကြက်သွန်နီကြိတ်ခြေထား တဲ့ အရည်ကို ဒိန်ချဉ်နဲ့ ရောပြီး အရေပြားအနှံ့ သုတ်လိမ်းပြီး ၁၀ မိနစ်လောက်ကြာရင် ရေခပ်နွေး နွေးလေးနဲ့ ဆေးကြောလိုက်တဲ့ အခါ ချောမွတ်ဖြူစင်တဲ့ အသား အရည်ကို ရရှိစေမှာပါ။ နောက်ပြီး ခေါင်းထဲမှာ သန်းတွေရှိလို့ ရှင်းပစ်ချင်ရင် ကြက် သွန်နီသုံးလုံးလောက်ကို အရည် ညှစ်ပြီး ဦးရေပြားအနှံ့ သုတ်လိမ်း ကာ သုံးနာရီလောက်ကြာအောင် ခေါင်းကို ပေါင်းထုပ်ထားပြီး ခေါင်းလျှော်ရည်၊ ရေနွေးနွေးနဲ့ လျှော်ပေးတဲ့အခါ သန်းတွေသာ မက ဦးရေပြားပေါ်က အညစ်အကြေးနဲ့ သန်းဥ၊ သန်းဖျတွေပါ သန့်စင်ပြီးသား ဖြစ်စေပါတယ်။

Ref: Tophomeremedies

7Day News Journal

Credit: PannPwint-Health