အာလူးမှာ အာဟာရဓာတ်တွေအများကြီးပါဝင်တာကြောင့် တခြားနိုင်ငံတွေမှာဆိုရင် အဓိက အစားအစာအဖြစ်စားသုံးကြပါတယ်။

အာလူးကို ဆီနဲ့ ကြော်စားတာထက် ဖုတ်စားတာက အာဟာရပိုရှိပြီး ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။

အာလူးကို မိုက်ခရိုဝေ့နဲ့ အလွယ်တကူ ဖုတ်လို့ရတဲ့ နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

လိုအပ်သည့် ပစ္စည်းများ

အာလူး ၂ လုံး

ရေ

မီးဖိုချောင်သုံး Paper Towels သို့ အဝတ်

မိုက်ခရိုဝေ့ထဲ ထည့်လို့ရတဲ့ ပန်းကန်

ဆား

ငရုတ်ကောင်း

အဆင့် (၁)

အာလူး ၂လုံးကို ရေနဲ့ ဆေးပါ။ ပြီးရင် အဝတ်သို့မဟုတ် Paper Towels နဲ့ အာလူးတွေကို သုတ်ပေးပါ။ Paper Towels သို့ အဝတ်ထဲမှာ အာလူးတွေကို ခဏလောက် အခြောက်ခံလိုက်ပါ။

အဆင့် (၂)

အာလူး ကို ခရင်းနဲ့ အပေါက်လေးတွေ လိုက်ဖောက်ပါ။ ဒါမှ အာလူးကို ဖုတ်နေချိန်အတွင်း အရည်တွေက အပေါက်ကနေ ထွက်လာမှာဖြစ်ပါတယ်။ မဟုတ်ရင် အာလူးကွဲထွက်နိုင်ပါတယ်။

အဆင့် (၃)

အာလူးကို မိုက်ခရိုဝေ့ထဲထည့်လို့ရတဲ့ ပန်းကန်အပေါ်မှာ တင်ပြီး မိုက်ခရိုဝေ့ထဲကို ထည့်ပါ။ ၅ မိနစ်လောက် ပါဝါအများဆုံးနဲ့ ဖုတ်လိုက်ပါ။ ပြီးရင် အာလူးကို ဟိုဘက်ဒီဘက်လှန်ပေးပြီး ၂ မိနစ်ကနေ ၃ မိနစ်ကြားလောက် ထပ်ဖုတ်လိုက်ပါ။

အဆင့် (၄)

သေချာဂရုစိုက်ပြီး ဖုတ်ထားတဲ့ အာလူးကို မိုက်ခရိုဝေ့ထဲကနေ ထုတ်လိုက်ပါ။ အာလူးကို အလယ်ကနေ လှီးလိုက်ပါ။ လုံးဝပြတ်သွားတဲ့အထိ မလှီးပါနဲ့။

အဆင့် (၅)

ဆား၊ ငရုတ်ကောင်းတို့ကို ခုနက လှီးထားတဲ့ ထဲကိုထည့်ပါ။

အဆင့် (၆)

ထောပတ်၊ ချီစ်၊ နံနံပင်တို့ကို ဖြူးပြီး အလှဆင်ကာ အရသာရှိတဲ့ အာလူးဖုတ်ကို စားလို့ရပါပြီ။

Photo Credit: Fab How