အားလုံးပဲ မင်္ဂလာပါ။ ပူအိုက်လွန်းတဲ့ ရာသီဥတုမှာ အပူဒဏ်ကို အံတုနိုင်ပြီး အေးမြစေဖို့အတွက် ကူညီပေးနိုင်တဲ့အရာတွေထဲမှာ ဖရဲသီးလည်း တစ်ခုအပါအဝင်ပါ။

အာဟာရဓာတ်တွေပြည့်ဝပြီး အရည်ရွှမ်းတဲ့ ဖရဲသီးမှာ ကယ်လိုရီပါဝင်မှုလည်း အလွန်နည်းပါးတာကြောင့် ဘယ်လောက်စားစား ဝမှာမပူရတော့ပါဘူး။

ရေဓာတ်အလွန်ပြည့်ဝတဲ့ ဖရဲသီးဟာ စားလို့ကောင်းသလောက် အရည်ရွှမ်းလွန်းတာကြောင့် စားလိုက်တဲ့အခါတိုင်း လက်တစ်လျှောက်အရည်တွေစီးကျလာတာကလည်း ပြဿနာတစ်ခုပါပဲ။

ဒါကြောင့် ဖရဲသီးကို လွယ်လွယ်ကူကူ လှီးဖြတ်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို MyFood Myanmar ပရိတ်သတ်တို့အတွက် မျှဝေပေးချင်ပါတယ်။

နည်းလမ်း ၁ 

လိုအပ်သောပစ္စည်းများ

ဖရဲသီး၊ ဓားထက်ထက် တစ်လက်

အဆင့် ၁ – ဖရဲသီးကို စဉ့်နှီတုံးပေါ်တင်ပြီး အရှည်လိုက် ၂ ခြမ်း ခြမ်းပါ။

ဖရဲသီးတစ်ခြမ်းကို စဉ့်နှီတုံးပေါ် မှောက်ပြီး တင်လိုက်ပါ။ ၁ လက်မအရွယ်အစားလေးတွေ ရအောင် အတုံးလေးတွေလှီးပေးပါ။ ပုံမှာပြထားတဲ့အတိုင်း အတုံးလေးတွေဖြစ်အောင် လိုက်ပြီးလှီးပါ။

အတုံးလေးတွေရပြီဆိုရင်တော့ အလွယ်တကူ ဆွဲထုတ်ပြီး စားသုံးနိုင်ပါပြီ။

နည်းလမ်း ၂ 

လိုအပ်သောပစ္စည်းများ

ဖရဲသီး၊ ဓားထက်ထက် တစ်လက်

ဖရဲသီးကို စဉ့်နှီတုံးပေါ်တင်ကာ ထိပ်နှစ်ဖက်ကို ဖြတ်ထုတ်လိုက်ပါ။

ဖရဲသီးကိုထောင်လိုက်ပြီး အလယ်ကနေ နှစ်ခြမ်းခြမ်းလိုက်ပါ။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း လေးခြမ်းဖြစ်အောင် နောက်ထပ် ထပ်ပြီးခြမ်းလိုက်ပါ။

တြိဂံလေးတွေဖြစ်အောင် ထိပ်ကနေစပြီး လှီးလိုက်ပါ။

ပြီးရင်တော့ ပန်းကန်ပေါ်တင်ပြီး အရသာရှိရှိ စားနိုင်ပါပြီ။

Source: Fabhow.com