သံပုရာသီး၊ ရှောက်သီးနဲ့ သံပုယိုသီးတွေကို အရည်ညှစ်ရလွယ်ကူစေဖို့အတွက် ဘယ်လိုပုံစံ လှီးရမလဲ ဆိုတာ မျှဝေရပါစေ။ သံပုရာသီးတွေကို အရည်ရွှမ်းရွှမ်း ထွက်စေဖို့ အတွက် လှီးတဲ့အခါ အလယ်ကနေ ထက်ဝက်ခြမ်း ပုံစံမျိုးဟာ မှားယွင်းတဲ့ ပုံစံပါပဲ။ အရည်ညှစ်တဲ့ ခွက်နဲ့ ညှစ်မယ်ဆိုရင်တော့ အရည်ထွက်ပေမယ့် ပုံမှန် အတိုင်း ဆိုရင်တော့ ထင်သလောက် မရတတ်ပါဘူး။

ပထမဦးစွာ အသုံးပြုမယ့် အသီးကို အသာလေး လှိမ့်ပေးပါ။ ပုံမှာ ပြထားတဲ့ အတိုင်း ၂မျိုး ယှဉ်ပြီး လှီးထားပါ။

lime1

ပထမ တစ်ခုကတော့ ထက်ခြမ်း လှီးထားပြီး ဒုတိယ တစ်ခုကတော့ အသီးကို ပတ်ပတ်လည် လေးပိုင်း ပိုင်းထားတာပါ။

ဒုတိယ ပုံစံဟာ လက်နဲ့ ညှစ်တဲ့ အခါ ပိုလွယ်စေပြီး အရည်ကုန်အောင် ညှစ်လို့ရတဲ့ ပုံစံပါ။ ခေါက်ဆွဲ၊ မုန့်ဟင်းခါးတို့အထဲကို ထည့်စားဖို့ တည်ခင်းမယ် ဆိုရင်တော့ ဒုတိယပုံစံ အတိုင် းလှီးပေးရပါမယ်။

lime_tall

အရည်ပိုများတဲ့ ခွက်ဟာ လေးပိုင်း ပိုင်းထားတဲ့ အစိပ်တွေကို ညှစ်ထားတဲ့ ခွက်ပါ။ အရည်နည်းတဲ့ ခွက်ကတော့ ထက်ဝက်ခြမ်းထားတဲ့ ခွက်ပါ။

Source: popsugar

[Zawgyi]

သံပုရာသီး၊ ေရွာက္သီးနဲ႔ သံပုယိုသီးေတြကို အရည္ညွစ္ရလြယ္ကူေစဖို႔အတြက္ ဘယ္လိုပံုစံ လွီးရမလဲ ဆိုတာ မွ်ေ၀ရပါေစ။ သံပုရာသီးေတြကို အရည္ရႊမ္းရႊမ္း ထြက္ေစဖို႔ အတြက္ လွီးတဲ့အခါ အလယ္ကေန ထက္၀က္ျခမ္း ပံုစံမ်ိဳးဟာ မွားယြင္းတဲ့ ပံုစံပါပဲ။ အရည္ညွစ္တဲ့ ခြက္နဲ႔ ညွစ္မယ္ဆိုရင္ေတာ့ အရည္ထြက္ေပမယ့္ ပံုမွန္ အတိုင္း ဆိုရင္ေတာ့ ထင္သေလာက္ မရတတ္ပါဘူး။

ပထမဦးစြာ အသံုးျပဳမယ့္ အသီးကို အသာေလး လွိမ့္ေပးပါ။ ပံုမွာ ျပထားတဲ့ အတိုင္း ၂မ်ိဳး ယွဥ္ၿပီး လွီးထားပါ။

lime1

ပထမ တစ္ခုကေတာ့ ထက္ျခမ္း လွီးထားၿပီး ဒုတိယ တစ္ခုကေတာ့ အသီးကို ပတ္ပတ္လည္ ေလးပိုင္း ပိုင္းထားတာပါ။

ဒုတိယ ပံုစံဟာ လက္နဲ႔ ညွစ္တဲ့ အခါ ပိုလြယ္ေစၿပီး အရည္ကုန္ေအာင္ ညွစ္လို႔ရတဲ့ ပံုစံပါ။ ေခါက္ဆြဲ၊ မုန္႔ဟင္းခါးတို႔အထဲကို ထည့္စားဖို႔ တည္ခင္းမယ္ ဆိုရင္ေတာ့ ဒုတိယပံုစံ အတုိင္ းလွွီးေပးရပါမယ္။

lime_tall

အရည္ပိုမ်ားတဲ့ ခြက္ဟာ ေလးပိုင္း ပိုင္းထားတဲ့ အစိပ္ေတြကို ညွစ္ထားတဲ့ ခြက္ပါ။ အရည္နည္းတဲ့ ခြက္ကေတာ့ ထက္၀က္ျခမ္းထားတဲ့ ခြက္ပါ။

Source: popsugar