မှိုဟင်းကတော့ စားလို့ကောင်းပါတယ်။ ဒါပေမယ့် သန့်ှရှင်းရေးလုပ်ရတာသာ ဇက်ကြောတက် ညောင်းညာလှပါတယ်။ ဒါ့ကြောင့် အချိန်တိုအတွင်း မှိုကို သန့်ှရှင်းအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကို ဝေမျှချင်ပါတယ်။

လိုအပ်တဲ့ပစ္စည်းများ

တစ်ရှူး

မှို

ရေ

အဆင့် (၁) မှိုတွေကို စကာထဲထည့်လိုက်ပါ။

ခွက်တစ်ခုပေါ်မှာ စကာတင်လိုက်ပါ။ ပြီးရင် မှိုတွေကို စကာထဲထည့်လိုက်ပါ။

ရေတွေကို မှိုပေါ်ကနေ လောင်းချလိုက်ပါ။

အဆင့် (၂) မှိုတွေကို တစ်ရှူးနဲ့ သုတ်လိုက်ပါ။

ညှင်သာစွာနဲ့ မှိုတွေမှာ ကပ်နေတဲ့ဖုန်တွေ၊ အညစ်အကြေးတွေကို သုတ်လိုက်ပါ။

သန့်ရှင်းသွားတဲ့မှိုတွေကို တစ်ရှူး အခြောက်ထဲကို ပြောင်းထည့်ပြီး ရေတွေကို စုပ်ယူလိုက်ပါ။

တစ်ရှူးထဲမှာ ခြောက်အောင်ထားလိုက်ရင် မှိုကို ချက်လို့ရပါပြီ။