သင်္ဘောသီးဟာ ရာသီမရွေးရနိုင်တဲ့ အသီးဖြစ်ပြီး လူအများ ကြိုက်နှစ်သက်တဲ့ အသီးဖြစ်ပါတယ်။ အသီးအနှံတွေကို ဆေးဝါးဖြစ်အောင် စားသုံးရာမှာ ဘယ်လိုမျိုး စားသုံးရမလဲဆိုတာ မျှဝေချင်ပါတယ်။

papaya-tree

သင်္ဘောသီးဟာ အစာကို ကြေလွယ်အောင် ကူညီပေးနိုင်ပါတယ်။ အင်ဆီအောက်ဆီးဒင့်ပါဝင်ပြီး ဗီ်တာမင် စီ၊ ဗီ်တာမင်အီး၊ နှင့် Beta-Carotene ပါဝင်ပါတယ်။  သင်္ဘောသီးထဲမှာပါဝင်တဲ့ Folate ၊ ဗီတာမင်စီ ၊ ဗီတာမင်အီး၊ Beta-Carotene တို့ဟာ အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။ မအီမသာဖြစ်ခြင်း၊ ပျို့ချင်၊ အန်ချင်ခြင်း မူးမော်တတ်သူများအတွက်လည်း သင်္ဘောသီး ကိုစားသုံးခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။ အိမ်ထောင်သည် များအတွက်လည်း အထူးကောင်းမွန်ပါတယ်။

နံနက် ၈ နာရီ စားသုံးလျှင် – အစာအိမ်နှင့် အူလမ်းကြောင်း အတွက် ကောင်းမွန် ပါသည်။

နံနက် ၉ နာရီ စားသုံးလျှင် – သွေးအဆိပ်ဖြစ်ခြင်းကို ကောင်းမွန်သည်။ သွေးသားကို သန့်စင် စေသည်။

နံနက် ၁၀ နာရီ စားသုံးလျှင် – အသည်း၌ ပူခြင်းကို ကောင်းမွန်ပြီး ဝမ်းချုပ်ခြင်းကို သက်သာ စေသည်။

နံနက် ၁၁ နာရီ စားသုံးလျှင် – အာသီးနာခြင်း၊ အာခြောက်ခြင်းတို့ကို ကောင်းမွန်စေသည်။

မွန်းလွဲ ၁ နာရီ စားသုံးလျှင် – နွယ်ချိုမှုန့်နှင့် တို့၍စားလျှင် အစာကြေစေသည်။

မွန်းလွဲ ၂ နာရီ စားသုံးလျှင် – ပါးစပ်ပုပ်၍ ပါးစပ်နံခြင်းကို ကောင်းမွန်စေသည်။

မွန်းလွဲ ၃ နာရီ စားသုံးလျှင် – အူမကြီးပူ၍ ဝမ်းမကောင်းလျှင် စားသုံးနိုင်သည်။

ညနေ ၄ နာရီ စားသုံးလျှင် – ပျားရည်နှင့်တို့စားပါက သွေးတိုးခြင်းကို သက်သာစေသည်။ (ကလေးမစားရ)…

တရုတ် တိုင်းရင်းဆေး ဓာတ်စာ

Featured Image Source: Organic Facts