ခေါင်းစဉ်ဖတ်ပြီး မကြိုက်တာကိုပဲ ဘာလို့စားရမှာလဲ လို့မေးမိကြပါလိမ့်မယ်။ ဒါပေမယ့် တစ်ခါတစ်လေ မွေးနေ့ပွဲမှာ ဖြစ်ဖြစ် အလှူပွဲမှာဖြစ်ဖြစ် အိမ်ရှင်က ကိုယ်မကြိုက်တာ ကျွေးတဲ့အခါ အားနာပါးနာ စားရမယ့်အခါမျိုးကြုံကြိုက်လာနိုင်ပါတယ်။ ဒီ့အပြင် ကိုယ်မကြိုက်တဲ့ အစားအစာတစ်ခုကို ကျန်းမားရေးအရ စားသောက်ရတဲ့ အခါမျိုးမှာလည်း ဒီနည်းလမ်းက အထောက်အကူပြုပါလိမ့်မယ်။

Source: Food to Live

၁။ မကြိုက်တဲ့အစားအစာကို သေးသေးချင်းစီဖဲ့ထားပါ။

၂။ အာလူးပါလျှင် အာလူးနှင့်ချေထားပါ။ အဲ့ဒီ့အခါ အရသာပြောင်းသွားမှာပါ။

၃။ ဟင်းခတ်အမွှေးအကြိုင် သို့မဟုတ် ဆော့အရည်တစ်မျိုးမျိုး ထည့်ရောစားပါ။ (ငါးပိကြော်၊ ပုစွန်ခြောက်ကြော် စသဖြင့်လည်းထည့်စားနိုင်ပါတယ်။)

Source: Reader’s Digest

၄။ နှာခေါင်းဖြင့်အနံ့မရှူပဲစားပါ။ ပညာရှင်တွေရဲ့ပြောကြားချက်အရ ၈၀% သောအစားအစာရဲ့အရသာက အနံ့အပေါ်မူတည်ပါတယ်လို့သိရတယ်။ စားပြီးတဲ့အခါမှာတော့ နှာခေါင်းနဲ့ ပြန်အသက်ရှူပါ။

၅။ အစားအစာကို သေးသေးဖဲ့ထားခြင်းအာဖြင့် လျှာနဲ့မထိပဲ ဆေးသောက်သလိုမျိုး ရေနှင့်ရောချနိုင်ပါတယ်။

၆။ ဝါးခါနီး ရေခဲရေငုံပြီး စားပါ။ ယာယီအနံ့ပျောက်စေပါတယ်။

Source: Diet and Weight Management

၇။ အကယ်၍ သင့်မှာ အစားတစ်ခုခုနဲ့ ပတ်သတ်ပြီး ဓာတ်မတည့်မှုရှိရင်တော့ အိမ်ရှင်ကိုကြိုပြောထားပါ။ အထက်ပါနည်းလမ်းတွေက ကြောင်တောင်နိုင်ပေမယ့် သင့်ကို အနည်းနှင့်အများ အထောက်အကူပြုပါလိမ့်မယ်။

Source: WikiHow