ပျားရည်မှာ အသားရေ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ ၀က်ခြံတွေကို ပျောက်ကင်းစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ဒါ့အပြင် Glycerin ပါဝင်လို့ အသားအရေနဲ့ အလှအပဆိုင်ရာအတွက် များစွာအသုံးပြုနိုင်ပါတယ်။ ဒါ့ကြောင့် ၀က်ခြံတွေ၊ အသားအရေအဆီပြန်တာတွေ၊ အသားအရေ ခြောက်သွေ့တာတွေကို ဘေးထွက်ဆိုးကျိုးမရှိဘဲ ပျားရည်စစ်ကို အသုံးပြုပြီး ပြစ်မျိုးမှဲ့မထင် အသားအရေကို အရယူလိုက်ပါနော်။

Honey-Aloe-Vera-Face-Masks-For-Oily-Skin

ဘက်တီးရီးယား ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ၊ Antioxidantတွေ၊ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်တဲ့ ပျားရည်ဟာ သင့်အသားအရေကို နည်းလမ်းမျိုးဆုံနဲ့ စိုပြေ ကျန်းမာစေမှာအသေအချာပါပဲ။

အသားအရေ စိုပြေစေဖို့

1212

ပျားရည်ဟာ အသားအရေကို စိုပြေစေပါတယ်။ အသားအရေ အတွင်းပိုင်းထိ အားဖြည့်ပေးပြီး ရေဓါတ်ဖြည့်တင်းပေးလို့ သင့်အသားအရေကို နုပျိုစိုပြေစေမှာပါ။

အရင်ဆုံး မျက်နှာသစ်လိုက်ပြီး တဘက်နဲ့ ခြောက်အောင်သုတ်ပါ။ ပြီးရင် ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက် လိမ်းပေးပြီး ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပါ။ အဲဒီနောက် ရေအေးအေးနဲ့ မျက်နှာသစ်ချပါ။

ချွေးပေါက်ကို သန့်ရှင်းရေးလုပ်မယ်။

1779020b-2ff7-45ec-b7c6-e3b3431904e3

ချွေးပေါက်မှာ ချေး အဆီတွေပိတ်နေရင် ၀က်ခြံဖြစ်စေလို့ သင့်အသားအရေမှာ အရေးကြောင်းတွေ ဖြစ်ပေါ်စေပါတယ်။ ချွေးပေါက်မှာပိတ်နေတဲ့ အဆီနဲ့ အညစ်အကြေးတွေကို ဆေးကြောသန့်စင်ဖို့အတွက်

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပျားရည်ကို ဆေးဖြစ်ဝါးဖြစ် ဘယ်လိုသုံးမလဲ

 

အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

Exactly-How-to-Use-Coconut-Oil-to-Stop-Your-Hair-From-Going-Gray-Thinning-or-Falling-Out-390x205ကိုရောပြီး သေချာမွှေပါ။ ပြီးရင် မျက်နှာကို ရေနွေးနွေးလေးနဲ့ သစ်ပေးပြီး ခြောက်အောင်သုတ်ပါ။ အဲဒီနောက် စောစောက ရောထားတဲ့ ပျားရည်နဲ့ အုန်းဆီကို လိမ်းပေးပါ။ မျက်လုံးနားကိုရှောင်ပြီး ငြင်သာစွာ ပွတ်လိမ်းပေးရပါမယ်။ ပြီးရင် ခြောက်အောင်ထားပြီး ရေဆေးပါ။

အမာရွတ်တွေ သက်သာပျောက်ကင်းဖို့။

honey-face-mask

အသားအရေလေး ဖြူဝင်းပြီး အမာရွတ်တွေ သိသိသာသာ သက်သာပျောက်ကင်းစေဖို့အတွက် ပျားရည်နဲ့ အုန်းဆီ (သို့) သံလွင်ဆီကို တွဲပြီးအသုံးပြုပေးနိုင်ပါတယ်။

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ အုန်းဆီ (သို့) သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းရောပြီး အမာရွတ်ရှိတဲ့နေရာမှာ ငြင်သာစွာ ပွတ်လိမ်းပေးပါ။ ပြီးရင်တော့ ၂ မိနစ်လောက်ထားပြီး အ၀တ်စကို ရေနွေးစွတ်ပေးကာ အရေပြားပေါ် ကပ်ထားပါ။ ပြီးရင် အ၀တ်စကို အေးအောင်ထားပါ။ နေ့စဉ်ပြုလုပ်ပေးပါ။

ရေချိုးမယ်

honey

မျက်နှာသာမက ခန္တာကိုယ်တစ်ခုလုံးကအသားအရေ စိုပြေဖို့အတွက် ပျားရည်နဲ့ ရေချိုးပေးနိုင်ပါတယ်။

ပျားရည် စားပွဲတင်ဇွန်း၂ ဇွန်း နဲ့ ရေနွေး ၁ ခွက်ကို ရောပေးပြီး သေချာမွေပေးပါ။ ပြီးရင် ရေနွေးနွေးထည့်ထားတဲ့ ရေချိုးကန်ထဲမှာ ထည့်လိုက်ပြီး ဆပ်ပြာနဲ့ ရောထည့်ပါ။ ပြီးရင် ရေစိမ်ပေးပါ။ ရေချိုးကန်မရှိဘူးဆိုရင် ဆပ်ပြာနဲ့ရောပြီး ခန္တာကိုယ်အနှံ့ ပွတ်တိုက်ရေချိုးပေးလို့ရပါတယ်နော်။

ခြောက်သွေ့ပြီး ပျက်စီးနေတဲ့ ဆံသားတွေအတွက်

သင့်မှာ ခြောက်သွေ့ပြီး ပျက်စီးနေတဲ့ ဆံသားတွေ ရှိနေပါသလား။ မစိုးရိမ်ပါနဲ့။ ပျားရည်က ကူညီပေးပါလိမ့်မယ်။ ပျားရည်က ဆံသားလေးတွေကို စိုစွတ်နေအောင် ကူညီပေးနိုင်တဲ့ သတ္တိရှိပါတယ်။ သူ့မှာ antioxidants တွေနဲ့ အဟာရတွေ ကြွယ်ဝစွာပါဝင်တာကြောင့် ဆံသားတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပြီး ဆံပင်ကိုလည်း အရှည်မြန်စေပါတယ်။

waterandhoney

ပြုလုပ်ရမယ့်နည်း

ပျားရည်နဲ့ ရေဘဲ လိုအပ်တာပါ။

ပျားရည် ခွက်တစ်ခွက်ရဲ့ ၄ ပုံ ၁ပုံလောက်ကို ရေ တစ်ခွက်နဲ့ ရောလိုက်ပါ။ ကိုယ့်ဆံပင် အရှည်နဲ့ အထူပေါ်မူတည်ပြီး မလောက်ရင် အထက်ပါ အချိုးတိုင်း ထပ်လုပ်ပါ။ ပြီးရင် ဆံပင်ကို သုတ်လိမ်းလိုက်ပါ။ မိနစ် ၃၀ လောက်ထားပြီး ခေါင်းလျှော်ရည်နဲ့ ရေနွေးနွေးလေးရယ်နဲ့ ခေါင်းပြန်လျှော်လိုက်ပါ။

ပျားရည်ဝယ်မယ်ဆိုရင်

ပျားရည်ကို ဆေးဖြစ်ဝါးဖြစ် ဘယ်လိုသုံးမလဲ

Myanmar Honey Farms Co., Ltd. ကထုတ်လုပ်တဲ့ ၁၀၀% ပျားရည်စစ်စစ် ထုတ်ကုန်တွေကို နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ ထုတ်လုပ်ပေးထားပြီးတော့ ပြည်တွင်းဈေးကွက်အပြင် နိုင်ငံခြားဈေးကွက်တွေဖြစ်တဲ့(Japan, USA, EU) နိုင်ငံတွေကိုလည်း ရောင်းချပေးနေပါတယ်။ FDA, Halal, ISO, HACCP, GMP စတဲ့ အစားအသောက်ထုတ်လုပ်မှုဆိုင်ရာ ထောက်ခံချက်လက်မှတ်တွေကိုလည်း ရရှိထားတဲ့အပြင် စားသုံးသူများ ဘေးဥပါတ်ကင်းစေရန် Germany နိုင်ငံရှိ နာမည်ကြီး Intertek Lab တွင် ပုံမှန်စစ်ဆေးများပြုလုပ်ထားသော ထုတ်ကုန်တွေဖြစ်ပါတယ်။ Myanmar Honey Farms Co., Ltd. ကနေ ထုတ်လုပ်တဲ့ PURE HONEY (1000G, 200G) နှင့် Mouth Khakabo (420g)တွေကို မြန်မာနိုင်ငံမြို့ကြီးတွေမှာရှိတဲ့ City Mart, Ocean, Market Place, Capital, Gandamar, Orange, Sein Gay Har, Gamone Pwint, Victoria, Super One, One Stop Mart, Pro Mart, Go Green, City Express စတဲ့ဆိုင်ကြီးတွေအပြင် Modern Trade ဆိုင်ကြီးတွေနဲ့ အခြားစတိုးဆိုင်တွေ၊ လက်လီဆိုင်တွေမှာလည်း ၀ယ်ယူရရှိနိုင်ပါတယ်။ 100% စစ်မှန်တဲ့ ပျားရည်စစ်စစ်ကိုမှ စားသုံးချင်သူတွေအတွက် ရွေးချယ်စရာ Healthy Food တစ်မျိုးဖြစ်တဲ့ ပျားရည်ကို မိတ်ဆက်ပေးလိုက်ပါတယ်။