ပူနွေးတဲ့ရာသီဥတုရှိပြီး စိုစွတ်မှုကို ထိန်းထားနိုင်တဲ့ မြေအမျိုးအစားနဲ့ နေရောင်ရတဲ့နေရာမျိုးတွေမှာ စိုက်ပျိုးလို့ရပါတယ်။ ခရမ်းသီးစိုက်ပျိုးတာက အရမ်းမခက်ခဲတာကြောင့် မီးဖိုချောင်မှာ  Organic အသီးအနှံတွေ ရဖို့ စိုက်ကြည့်ရအောင်။

မြေအိုးက ခရမ်းသီးစိုက်ဖို့ အကောင်းဆုံးပါပဲ။ မြေအိုးက အပူကို စုပ်ယူနိုင်ပြီး မြေကြီးကို နွေးစေတာကြောင့် အပင်ကြီးထွားနိုင်ဖို့ အကောင်းဆုံးပါဘဲ။

ခရမ်းသီးမှာ အမျှင်ဓာတ်၊ ဗီတာမင် B1 ၊ ကော့ပါး ဓာတ်တို့ ပါဝင်ပါတယ်။ ခရမ်းသီးမှာ အရွယ်အစားမျိုးစုံ၊ အရောင်မျိုးစုံရှိပါတယ်။ အတွေ့များတဲ့ ခရမ်းသီးအရောင်တွေကတော့ အဖြူရောင် နဲ့ ခရမ်းရောင်တို့ဖြစ်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ

မြေအနည်းငယ်

အောဂန်းနစ် မြေသြဇာ

ခရင်းခွ

မြေကလော်တဲ့ ကိရိယာ

အစေ့တွေ

မြေအိုးနဲ့ကျောက်ခဲ အနည်းငယ်

အဆင့် (၁) ခရင်းခွနဲ့ မြေကို ဖွလိုက်ပါ။

အရင်ဆုံး အစေ့ကို စိုက်ဖို့အတွက် ခရင်းခွနဲ့ မြေကို ဖွလိုက်ပါ။ ရေစီးရေလာကောင်းတဲ့ မြေဖြစ်ဖို့အတွက် ရွဲ့စေးတို့၊ သဲတို့ကို ထည့်ပြီး ရောပါ။

အဆင့် (၂) မြေသြဇာထည့်ပါ။

အဲ့ဒီမြေအပေါ်မှာ သဘာဝ မြေသြဇာကို ၁ လက်မအထူလောက်ဖြစ်အောင် ထည့်ပါ။ သဘာဝ မြေသြဇာတွေမှာ ပိုးမွှားတွေမပါလာဖို့ ဂရုစိုက်ပါ။ မဟုတ်ရင် မြေကြီးထဲကို ပိုးမွှားတွေရောက်ပြီး အပင်ကို ပျက်စီးစေနိုင်ပါတယ်။

အဆင့် (၃) အစေ့ကို ရွေးပါ။

အစေ့တွေကို မြေကြီးထဲမှာ စိုက်ပျိုးပါ။

အဆင့် (၄) အစေ့တွေကို မြေကြီးနဲ့ ရောမွှေလိုက်ပါ။

အဆင့် (၅) ရေလောင်းပါ။

မြေကြီး အစိုဓာတ်ရအောင် ရေကို နည်းနည်းချင်းစီ ဖြန်းပေးပါ။ ရေအစိုဓာတ်လိုအပ်တာကြောင့် တစ်နေ့ကို ၂ ခါလောက် ရေလောင်းပေးပါ။

အဆင့် (၆) အစေ့လေးတွေ အပင်ပေါက်မပေါက်ကို ဂရုစိုက်ကြည့်ပေးပါ။

အပူချိန် ၃၂ ဒီဂရီ ဆဲစီရက်စ် ပတ်ဝန်းကျင်ရှိတဲ့ ဒေသတွေမှာ အစေ့ကနေ အပင်ပေါက်လာဖို့ ၇ ရက်နေကနေ ၁၀ ရက်လောက် အချိန်ယူရပါတယ်။

အဆင့် (၇) အိုးထဲပြောင်းထည့်ဖို့ မြေကို ပြင်ဆင်ခြင်း

အိုးထဲကို ပြောင်းထည့်ပြီးစိုက်ဖို့ ဆိုရင် ခုနက အပင်စစိုက်သလိုဘဲ၊ အသုံးပြုမယ့် မြေကိုဖွပါ၊ သဘာဝ မြေသြဇာထည့်ပါ၊ ရွဲ့နဲ့ သဲနဲ့ ရောပြီး မြေကို ပြင်ပါ။

အက်ဆစ်အဆင့် 5  ကနေ 6.5 pH လောက်က အကောင်းဆုံးပါဘဲ။

အဆင့် (၈) ကျောက်ခဲ အနည်းငယ် မြေအိုးထဲထည့်ပါ။

အပေါက်ပါတဲ့ မြေအိုးကို ရွေးချယ်လိုက်ပါ။ အပေါက်ဘေးနားမှာ ကျောက်ခဲ အနည်းငယ်ချလိုက်ပါ။ ဒါမှ ရေစီးရေလာကောင်းမှာဖြစ်ပါတယ်။

အပင် သက်တောင့်သက်သာ ရှိစေဖို့ မြေအိုးအကြီး ဆိုဒ်ဖြစ်ဖို့လိုအပ်ပါတယ်။

အဆင့် (၉) မြေအိုးထဲကို မြေကြီးထည့်လိုက်ပါ။

မြေအိုးထဲကို ပြုပြင်ထားတဲ့ မြေကြီးကိုထည့်လိုက်ပါ။ မြေကြီးကို ဖွဖွလေးထည့်ပါ။

အဆင့် (၁၀) ညင်သာစွာ အပင်ကို ထုတ်ပါ။

ကျန်းမာသန်စွမ်းတဲ့ အပင်ကို ရွေးပြီး တုတ်ချောင်းနဲ့မြေကြီးကို နိုက်ထုတ်ကာ အပင်ကို ထုတ်ပါ။ အပင်ကော၊ အစေ့ကို မထိခိုက်အောင် ဂရုစိုက်ပါ။

အဆင့် (၁၁) ခုနက အပင်ကို မြေအိုးထဲထည့်ပေးပါ။

မြေကြီးကို ဝါးတူလေးနဲ့ ထိုးထည့်လိုက်ပြီး အပေါက်လေးဖြစ်သွားရင် အပင်ကိုထည့်ပြီးစိုက်လိုက်ပါ။ ပြီးရင် မြေကြီးလေးကို အသာအယာ ပြန်ဖို့ပေးပါ။

အဆင့် (၁၂) ရေဖြန်းပေးပါ

ပူနွေးတဲ့ရာသီဥတု အခြေအနေဆိုရင် ရေကို မနက် ၁ ကြိမ်၊ ည ၁ကြိမ်လောက် ဖြန်းပေးပါ။ ရေသန့်ဗူးကို အပေါက်အသေးလေးဖောက်ထားပြီး အချိန်နည်းနည်းကြာမှာ တစ်စက်ကျလာတာမျိုး နဲ့လည်း အမြဲ စိုစွတ်အောင် လုပ်ထားလို့ရပါတယ်။

အဆင့် (၁၃) ခရမ်းသီးပင်ရဲ့ ကြီးထွားမှုအဆင့်ဆင့်ကို စောင့်ကြည့်နေပါ

အပင်က နေရောင်ကြိုက်တဲ့အပင်ဖြစ်တာကြောင့် တစ်နေ့လုံးနေပူနေတာမျိုးတော့မဟုတ်ပေမယ့် နေရောင်ရတဲ့နေရာမျိုးမှာ ထားပါ။

အပင်ငယ်နေတဲ့အချိန်မှာ ပိုးမွှားတွေ မကျအောင်လည်း ဂရုစိုက်ပေးပါ။အပင်က အိုးထဲကနေ ရွေ့ပြောင်းပြီး ရက် ၉၀လောက်မှ စတင် အသီးသီးမှ ပွင့်လာတတ်ပါတယ်။

အဆင့် (၁၄) အသီးတွေ သီးလာရင် အပင်ပေါ်မှာ ဘဲမှည့်တဲ့အထိ ထားပြီး မှ ခူးစားနိုင်ပါပြီ။

ပေါင်းတွေ ပေါက်လာရင် ရှင်းပါ။

ခရမ်းချဉ်သီး၊ ငရုတ်ကောင်းပင်စိုက်ထားတဲ့ မြေအိုးတွေထဲမှာ မစိုက်ပါနဲ့။

အက်ဆစ်ဓာတ်နည်းနေရင် ကော်ဖီစေ့ကို မြေအိုးထဲထည့်ပေးပါ။