အခုခေတ်မှာ ကျန်းမာရေးကို ထိခိုက်တဲ့ ဘဝနေထိုင်မှုပုံစံတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ကို ကျောက်ကပ် ရောဂါတွေဖြစ်နေကြပါတယ်။ ကျောက်ကပ်ရောဂါဖြစ်လို့ ကျောက်ကပ်ဆေးရရင်လည်း ကုန်ကျစရိတ်တွေ အရမ်းများပြီး မိသားစုကို ဝန်ထပ်ဝန်ပိုးဖြစ်စေပါတယ်။ သိန်းရာနဲ့ချီပြီး အကုန်ခံနိုင်မှလည်း ကျောက်ကပ်အစားထိုး ခွဲစိတ်မှုတွေလည်း လုပ်နိုင်တာပါ။

ကျောက်ကပ်က ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို သန့်ရှင်း ဖယ်ရှားပေးတာကြောင့် အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် အရမ်းနောက်မကျသွားခင်မှာ ကျောက်ကပ်ကျန်းမာရေးကို ဂရုစိုက်ဖို့လိုပါတယ်။

လေ့ကျင့်ခန်း လုပ်ပါ

exercise-outside-woman-stock-today-150427-tease_72497df9c4ab67a1d1a016b22206a5af-today-inline-large

လေ့ကျင့်ခန်းလုပ်ရင် သွေးစီးဆင်းမှုအားကောင်းတာကြောင့် ကျောက်ကပ်ကို သန်စွမ်းစေပါတယ်။ အနည်းဆုံး တစ်ပတ်ကို ၅ ရက်လောက် မိနစ် ၃၀ ကြာ လေ့ကျင့်ခန်းကို လုပ်ဆောင်သင့်ပါတယ်။ သူငယ်ချင်းနဲ့အတူ မနက်လမ်းလျှောက်တာဖြစ်ဖြစ်၊ ရေကူးတာဖြစ်ဖြစ်၊ ကခုန်တာဖြစ်ဖြစ် လုပ်ဆောင်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက ကျောက်ကပ်ကျန်းမာရေးသာမကဘဲ စိတ်ဖိစီးမှုနဲ့ သွေးတိုးရောဂါတို့ကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာစားပါ

health-nutrition

ကျန်းမာရေးနဲ့ ညွီညွတ်တဲ့ အစားအစာကို စာသုံးပါက ကျောက်ကပ်အတွက်သာမက အဆုတ်၊ နှလုံး၊ ဦးနှောက် နဲ့ တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေပါ ကောင်းမွန်စေပါတယ်။ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း နဲ့ ပဲတွေကို အဓိက စားသုံးသင့်ပါတယ်။ တစ်ပတ်မှာ ၂ ကြိမ်လောက် ငါးကို စားသုံးပေးသင့်ပါတယ်။ ကျောက်ကပ်ကျန်းမာရေးအတွက် လိမ္မော်သီး၊ ပန်းသီးနဲ့ ငှက်ပျောသီးတို့ကိုလည်း စားသုံးပေးသင့်ပါတယ်။

အရက်သေစာ ရှောင်ကြဉ်ပါ

reasons-to-quit-drinking

အရက်တွေ အများကြီးသောက်ရင် သွေးဖိအားတွေ တက်လာပြီး သွေးတိုးနိုင်ပါတယ်။ မရှောင်နိုင်လို့ သောက်သုံးမယ်ဆိုလည်း ကိုယ့်အချိန်အဆနဲ့ သောက်သင့်ပါတယ်။ ကိုယ်သောက်နေကျနှုန်းအတိုင်း ပုံမှန်သောက်ရင် သွေးဖိအားကိုလည်း အရမ်းတက်လာမှာမဟုတ်ပါဘူး။ အမျိုးသားဆိုရင် တစ်နေ့ကို ၂ခါထပ်ပိုမသောက်သင့်ပါဘူး။ အမျိုးသမီးဆိုရင် တစ်နေ့ကို ၁ ခါလောက်ဘဲ အများဆုံး သောက်သင့်ပါတယ်။

ဆား စားသုံးမှုကို ထိန်းမယ်

20100226-howtosaltfood2

ဆားစားသုံးမှုကို တတ်နိုင်သမျှ လျော့ချသင့်ပါတယ်။ ဒါမှ သွေးတိုးရောဂါကနေတစ်ဆင့် ကျောက်ကပ်ကို မထိခိုက်မှာဖြစ်ပါတယ်။

ကိုယ်အလေးချိန် ထိန်းမယ်

hypothyroidism-weight-loss-722x406

ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ ကိုယ်အလေးချိန် ရှိနေရင် ဆီးချိုနဲ့ သွေးတိုးဖြစ်နိုင်ပါတယ်။ ဆီးချိုနဲ့ သွေးတိုးရောဂါကြောင့် နောက်ပိုင်းမှာ ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။

သကြား စားသုံးမှုကို ထိန်းမယ်

sugar

အရမ်းချိုလွန်းတဲ့ အစားအသောက်တွေ၊ သကြားတွေကို တတ်နိုင်သမျှ လျော့ချပါ။ ဖြစ်နိုင်ရင် ကိုယ့်အသက်အရွယ်နဲ့ သကြားဘယ်လောက်စားသုံးရမလဲဆိုတာ ဆရာဝန်ဆီက အကြံပေးမှု ရယူပါ။

ဖျော်ရည်၊ ရေတွေ အများကြီးသောက်မယ်

drinking-water-pixabay

တစ်နေ့ကို ရေအနည်းဆုံး ၈ ခွက်ကနေ ၁၀ ခွက်ကြားလောက် သောက်သုံးသင့်ပါတယ်။ ဒါမှ ကျောက်ကပ်ကလည်း ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဆေးကြောနိုင်ပြီး ဆီးအဖြစ်ပြန်လည် စွန့်ထုတ်နိုင်မှာဖြစ်ပါတယ်။