[Unicode]

ကိုယ်အလေးချိန်လည်း ကျချင်တယ်၊ အားကစား လည်းမလုပ်နိုင်သလို အစားအသောက်လည်း ရွေးချယ်ပြီး စားဖို့ အချိန်မရှိတဲ့သူတွေအတွက် ရေသောက်ပြီးတော့လည်း ဝိတ်ချလို့ရပါတယ်။

ရေများများသောက်ခြင်းက ကိုယ်အလေးချိန်ကိုလည်းကျစေသလို အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

အဲ့ဒီအပြင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း အလွယ်တကူ ဖယ်ရှားပေးတာကြောင့် အသက်ရှူ ကျန်းမာ နုပျိုစေပါတယ်။

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Virginia Tech တက္ကသိုလ်ရဲ့ သုတေသနအရ ထမင်းမစားခင် ရေခွက်ပေါင်း အနည်းငယ်သောက်ပြီးမှ စားတဲ့သူက ခါတိုင်းစားနေကျတဲ့ ကယ်လိုရီ ၇၅ ကယ်လိုရီ လျော့ပြီး စားလေ့ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

အစာမစားခင်ဘဲ ရေအနည်းငယ်သောက်ပြီး စားတဲ့အလေ့အကျင့်က သင့်ကို ၁ နှစ်အတွင်း နောက်ထပ် ၁၀ ပေါင်လောက် ထပ်မတက်အောင်ကို ကာကွယ်ပေးပါတယ်။

အိပ်ရာ နိုးနိုးချင်း ရေ ၂ ခွက်သောက်ပါ

ညမအိပ်ခင်မှာ ကိုယ့်အိပ်ရာဘေးနားမှာ ရေ ၁ဗူးမပြည့်တပြည့် ဖြည့်ပြီး အိပ်ပါ။ အိပ်ရာကနေ နိုးလာရင် ရေ ၂ခွက်စာရှိတဲ့ ရေ (၁၆ အောင်စ)ကို သောက်ပါ။

ရေဗူး သယ်သွားပါ

အနည်းဆုံး ရေ ၈ အောင်စ ဆံ့တဲ့ ဗူးလေးကို သယ်ပြီး အပြင်သွားပါ။ ဒါမှ ရေသောက်ဖြစ်မှာပါ။

how-much-is-a-gallon-of-water-3_thumb

ရေကို အသီးအနှံတွေ စိမ်ပြီးသောက်ပါ

ဒီအတိုင်း ရေမသောက်ချင်သူတွေအတွက် သံပုရာသီး၊ သခွားသီး၊ ပူစီနံရွက် စတာတွေကို ရေနဲ့စိမ်ပြီး သောက်ပါ။ ဒါကို Detox Drinks လို့လည်း ခေါ်ပါတယ်။ သကြားတော့မထည့်ပါနဲ့။ ဒီအတိုင်းဘဲသောက်ပါ။

how-much-is-a-gallon-of-water-4_thumb

အဆာပြေ အစားအစာတွေအစား ရေသောက်ပါ

ညဘက် ဗိုက်ဆာရင် အဆာပြေ အစားအစာတွေမစားဘဲ ရေနွေးပူပူတစ်ခွက်ကို မှုတ်သောက်ပြီး အိပ်လိုက်ပါ။

how-much-is-a-gallon-of-water-5_thumb

ထမင်းမစားခင် ရေ ၂ခွက်၊ ၃ ခွက်လောက်သောက်ပေးပါ

နေ့လည်စာနဲ့ညစာတို့မစားခင်မှာ ရေ ၂ ခွက်၊ ၃ ခွက်လောက် သောက်ပေးပါ။ ဒါဆိုရင် အစာစားတဲ့ ပမာဏကို လျော့ချပေးပြီး ကိုယ်အလေးချိန်ကျဆင်းစေပါတယ်။

Featured Image Source: Love, Jen M

[Zawgyi]

ကိုယ္အေလးခ်ိန္လည္း က်ခ်င္တယ္၊ အားကစား လည္းမလုပ္ႏိုင္သလို အစားအေသာက္လည္း ေရြးခ်ယ္ၿပီး စားဖို႔ အခ်ိန္မရွိတဲ့သူေတြအတြက္ ေရေသာက္ၿပီးေတာ့လည္း ၀ိတ္ခ်လို႔ရပါတယ္။

ေရမ်ားမ်ားေသာက္ျခင္းက ကိုယ္အေလးခ်ိန္ကိုလည္းက်ေစသလို အစာေျခစနစ္ကိုလည္း ေကာင္းမြန္ေစပါတယ္။

အဲ့ဒီအျပင္ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကိုလည္း အလြယ္တကူ ဖယ္ရွားေပးတာေၾကာင့္ အသက္ရွဴ က်န္းမာ ႏုပ်ိဳေစပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာရွိတဲ့ Virginia Tech တကၠသိုလ္ရဲ႕ သုေတသနအရ ထမင္းမစားခင္ ေရခြက္ေပါင္း အနည္းငယ္ေသာက္ၿပီးမွ စားတဲ့သူက ခါတိုင္းစားေနက်တဲ့ ကယ္လိုရီ ၇၅ ကယ္လိုရီ ေလ်ာ့ၿပီး စားေလ့ရွိေၾကာင္း ေတြ႔ရွိခဲ့ပါတယ္။

အစာမစားခင္ဘဲ ေရအနည္းငယ္ေသာက္ၿပီး စားတဲ့အေလ့အက်င့္က သင့္ကို ၁ ႏွစ္အတြင္း ေနာက္ထပ္ ၁၀ ေပါင္ေလာက္ ထပ္မတက္ေအာင္ကို ကာကြယ္ေပးပါတယ္။

အိ္ပ္ရာ ႏိုးႏိုးခ်င္း ေရ ၂ ခြက္ေသာက္ပါ

ညမအိပ္ခင္မွာ ကိုယ့္အိပ္ရာေဘးနားမွာ ေရ ၁ဗူးမျပည့္တျပည့္ ျဖည့္ၿပီး အိပ္ပါ။ အိပ္ရာကေန ႏိုးလာရင္ ေရ ၂ခြက္စာရွိတဲ့ ေရ (၁၆ ေအာင္စ)ကို ေသာက္ပါ။

ေရဗူး သယ္သြားပါ

အနည္းဆံုး ေရ ၈ ေအာင္စ ဆံ့တဲ့ ဗူးေလးကို သယ္ၿပီး အျပင္သြားပါ။ ဒါမွ ေရေသာက္ျဖစ္မွာပါ။

how-much-is-a-gallon-of-water-3_thumb

ေရကို အသီးအႏွံေတြ စိမ္ၿပီးေသာက္ပါ

ဒီအတိုင္း ေရမေသာက္ခ်င္သူေတြအတြက္ သံပုရာသီး၊ သခြားသီး၊ ပူစီနံရြက္ စတာေတြကို ေရနဲ႔စိမ္ၿပီး ေသာက္ပါ။ ဒါကုိ Detox Drinks လို႔လည္း ေခၚပါတယ္။ သၾကားေတာ့မထည့္ပါနဲ႔။ ဒီအတိုင္းဘဲေသာက္ပါ။

how-much-is-a-gallon-of-water-4_thumb

အဆာေျပ အစားအစာေတြအစား ေရေသာက္ပါ

ညဘက္ ဗိုက္ဆာရင္ အဆာေျပ အစားအစာေတြမစားဘဲ ေရေႏြးပူပူတစ္ခြက္ကို မႈတ္ေသာက္ၿပီး အိပ္လိုက္ပါ။

how-much-is-a-gallon-of-water-5_thumb

ထမင္းမစားခင္ ေရ ၂ခြက္၊ ၃ ခြက္ေလာက္ေသာက္ေပးပါ

ေန႔လည္စာနဲ႔ညစာတုိ႔မစားခင္မွာ ေရ ၂ ခြက္၊ ၃ ခြက္ေလာက္ ေသာက္ေပးပါ။ ဒါဆိုရင္ အစာစားတဲ့ ပမာဏကို ေလ်ာ့ခ်ေပးၿပီး ကိုယ္အေလးခ်ိန္က်ဆင္းေစပါတယ္။

Featured Image Source: Love, Jen M