နွေရာသီကိုတဖြည်းဖြည်းနဲ့ ရောက်ရှိလာပြီဆိုတော့ အပူချိန်ကလည်း ဖြည်းဖြည်းချင်းမြင့်တက်လို့ လာနေပါပြီ။ ရေခဲမုန့်၊ ရေခဲချောင်း၊ အအေးအစုံအလင်တို့ကလည်း လက်မလည်လောက်အောင်ကို ရောင်းလို့ကောင်းနေတဲ့အချိန်လေးပေါ့။ ဒါပေမယ့်လည်း နွေရာသီလိုအပူချိန်ပြင်းပြတဲ့အချိန်မျိုးမှာ အအေးဓာတ်အလွန်များတဲ့အစားအစာတွေကို လွန်လွန်ကဲကဲစားသုံးမိခြင်းက သင့်ကျန်းမာရေးကို ဒုက္ခဖြစ်လာစေနိုင်ပါတယ်။

သည့်အတွက် ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး အအေးဓာတ်ကိုပေးစွမ်းနိုင်တဲ့ သစ်သီးဖျော်ရည်တစ်ခုဖြစ်သည့် ဖရဲသီးဖျော်ရည်လေးလုပ်ပုံလုပ်နည်းကို တင်ဆက်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

ဖရဲသီး (အစေ့ထုတ်ပြီး၊ စိတ်ပြီးသား) – ၂ ခွက်

Caster သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံပယိုရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြိတ်ထားသောရေခဲ – ခွက်တစ်ဝက်ခန့်

ပြုလုပ်ပုံအဆင့်ဆင့်

၁။ အတုံးတုံးလေးတွေစိတ်ပိုင်းထားသည့် ဖရဲသီးကို ကြိတ်စက်ထဲထည့်ပါ။

၂။ ဖရဲသီးအချိုပေါ်မူတည်ပြီး Caster သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းကိုလည်း ပေါင်းထည့်ပါ။

၃။ သံပယိုသီးအရည်ကိုလည်း ထည့်ပေးပါ။

၄။ ပြီးလျှင်တော့ ကြိတ်ခြေထားသောရေခဲများကိုလည်း ထည့်သွင်းပေးပါ။

၅။ ပျစ်လာသည်အထိ မွှေပေးပါ။

၆။ ခွက်တစ်ခုထဲပြောင်းထည့်ပြီးလျှင် အရသာရှိရှိဖရဲသီးဖျော်ရည်တစ်ခွက် သောက်သုံးနိုင်ပါပြီ။

Credits : Health and Beauty Archives – Fab How