အားလုံးပဲမင်္ဂလာပါနော်။ ခရမ်းရောင်အစင်းလေးနဲ့ အရောင်လေးလည်းလှသလို အရသာရှိတဲ့ ဂေါ်ဖီနီသုပ်လေး လုပ်စားလို့ရအောင် မျှဝေပေးချင်ပါတယ်။

ဝိတ်ကျချင်တဲ့ မမတွေ ညီမလေးတွေအတွက်လည်း အဆင်ပြေတဲ့ အစားအစာလေးဖြစ်မှာပါ။

ပါဝင်ပစ္စည်း

  • ဂေါ်ဖီနီ ပါးပါးလှီး ၁ ခွက်
  • လိမ္မော်သီး ၁ လုံး
  • လိမ္မော်ရည် စားပွဲတင်ဇွန်း ၄ ဇွန်းမှ ၆ ဇွန်းအထိ
  • နိုကိုဥ တောက်တောက်စဉ်း ၁ ခွက်

Beetroot

  • စွံပလွံသီး  ၆ လုံး
  • ပင်စိမ်းရွက်အနည်းငယ်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းမှ ၄ ဇွန်း

ပြုလုပ်နည်း

အရင်ဆုံး လိမ္မော်သီးကို အခွံနွှာလိုက်ပါ။ ၅ စိတ် ၆ စိတ်လောက်ဖယ်ထားပါ။

ကျန်တဲ့ လိမ္မော်စိတ်တွေကို အရည်ညှစ်လိုက်ပါ။ စားပွဲတင်ဇွန်း ၄ ဇွန်းမှ ၆ ဇွန်းလောက်အထိလိုပါတယ်။

ဂေါ်ဖီနီကို ပါးပါးလှီးလိုက်ပါ။

နိုကိုဥကို ခြစ်လိုက်ပါ။ (တကယ်လို့ နိုကိုဥမရှိရင်လည်း မုန်လာဥနီ ထည့်လို့ရပါတယ်)

စွံပလွံသီးတွေကိုလည်း ပါးပါးလှီးလိုက်ပါ။

ပါးပါးလှီးထားတဲ့ ဂေါ်ဖီပေါ်ကို လိမ္မော်သီးအစိတ်လေးတွေတင်ပေးလိုက်ပါ။

ပြီးရင်နိုကိုဥလေး အပေါ်ကနေ ထည့်လိုက်ပါ။

ပင်စိမ်းရွက် နဲ့ စွံပလွံသီး နည်းနည်းထည့်လိုက်ပါ။

လိမ္မော်ရည်အပေါ်ကနေ စမ်းပေးလိုက်ပါ။

သံလွင်ဆီလေး နည်းနည်းဆမ်းပေးလိုက်ပါ။

ပြီးရင်တော့ အသင့်သုံးဆောင်နိုင်ပါပြီနော်။

Source: www.fabhow.com