မင်္ဂလာပါနော်။ စာဖတ်သူတို့အားလုံးလည်း ရှားစောင်းလက်ပပ်နဲ့ ပတ်သက်လို့ အသားအရေအတွက် အကျိုးကျေးဇူးတွေ၊ ကျန်းမာရေးအကျိုးကျေးဇူးတွေကို များစွာသိရှိပြီးဖြစ်မှာပါ။

ရှားစောင်းလက်ပပ်ကိုသောက်ပေးတာဟာ ဝမ်းချုပ်တာကိုသက်သာစေသလို အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ဆီးမှန်ဝမ်းမှန်ပြီး သင့်ကို ကျန်းမာစေမှာပါ။

အရင်ဆုံး ရှားစောင်းလက်ပပ်ကို ဘေးအနားလေးတွေ လှီး၊ အလည်ကနေလှီးပြီး အနှစ်လေးတွေထုတ်ပေးလိုက်ပါ။

ရှားစောင်းလက်ပပ်အနှစ် ခွက်တစ်ဝက်

သံပယိုသီး တစ်လုံး

ရေ ၂ ခွက် လိုပါမယ်။

ဖျော်စက်ထဲကိုထည့်ပြီး အားလုံးအတူတူ ဖျော်လိုက်ပါ။ ပြီးရင်တော့ သံပိုသီးကို အရည်ညှစ်ထည့်ပေးပါ။

ပြီးရင် ပိတ်စဖြူအသန့် (သို့) ကတော့ နဲ့ ခံပြီး ရှားစောင်းလက်ပပ်အရည်ကို သေချာစစ်ထည့်ပေးလိုက်ပါ။

ဘူးထဲထည့်ပြီးအလုံပိတ်ထားလိုက်ပါ။ ရေခဲသေတ္တာထဲထည့်ထားပါ။

မနက်ခင်း ဘာအစားမှမစားခင် တစ်ခွက်လောက် သောက်ချလိုက်ပါ။ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။

Source: www.fabhow.com