ငှက်ပျောသီးဟာ ကျန်းမာရေးအကျိုးကျေးဇူးတွေများလွန်းလို့ လူကြီးလူငယ်မရွေး နှစ်ခြိုက်စွာစားသုံးနေကြပါတယ်။ ဒီလိုမျိုး အရသာအလွန်ရှိတဲ့ ငှက်ပျောသီးအသားကိုစားပြီးတာနဲ့ ငှက်ပျောခွံကိုလွှင့်ပစ်လိုက်ကြတာ လူသားတိုင်းရဲ့ထုံးစံပါ။

ဒါကြောင့် ဒီလိုမျိုးအလွယ်တကူလွှင့်ပစ်လိုက်တတ်တဲ့ ငှက်ပျောခွံရဲ့ အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးချင်ပါတယ်။

ငှက်ပျောခွံတွေမှာ ကြွက်သားများကိုပြေလျော့စေတဲ့ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်တို့ပါဝင်ပြီး ဟော်မုန်းညီညွတ်မှုရှိရန်၊ စိတ်ဖိစီးမှုပြေပျောက်ရန်၊ အဆိပ်အတောက်ဖြေရန်၊ အစရှိတာတို့ကို လုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် မျက်လုံး၊ အသားအရေနှင့် အိပ်ပျော်နိုင်ရန်အတွက်တို့ကိုလည်း အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အခုတစ်ခါမှာလည်း ငှက်ပျောခွံလေးတွေကို အသုံးပြုပြီး မိမိကျန်းမာရေးအတွက် ကောင်းမွန်စေမယ့် လက်ဖက်ရည်တစ်ခွက်ကို ဖျော်သောက်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ

စိတ်ဖိစီးမှုနဲ့ ခေါင်းကိုက်တာကို သက်သာ ပျောက်ကင်းစေမယ့် ငှက်ပျောသီးအခွံ

ငှက်ပျောခွံ (ထိပ်လှီးပြီးသား) – ၁ ဖတ်

ရေ – ၁ ခွက်

သစ်ကြံပိုးခေါက် – ၁ ချောင်း

ပြုလုပ်ပုံ

ငှက်ပျောခွံနှင့် သစ်ကြံပိုးခေါက်တို့ကို ရေထဲထည့်ပြီး ပွက်အောင်တည်ပေးပါ။ အဖုံးအုပ်ပြီး မီးလျှော့လိုက်ကာ ၁၀ မိနစ်ခန့် မီးအေးအေးမှာ မွှေပေးပါ။ ထို့နောက် မီးဖိုပေါ်မှချကာ ငှက်ပျောခွံကိုဖယ်လိုက်ပြီးရင် အရည်ကိုသောက်သုံးပေးနိုင်ပါတယ်။