ဘာ့ကြောင့်သောက်သုံးသင့်သလဲ

Shocking-Health-Benefits-Of-Corn-Silk-That-You-Didn’t-Know-Must-Know-

ပြောင်းဖူးမွေးဟာ ဆီးချိုကျစေသလို သွေးခဲတာကိုလည်းသက်သာစေပြီး ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ အများအပြားရှိနေပါတယ်။

ဒါ့ကြောင့် ပြောင်းဖူးပေါ်ချိန်မှာ ပြောင်းဖူး ရေနွေးကြမ်းကို ပြုလုပ်သောက်သုံးသင့်ပါတယ်။

ပြောင်းဖူးမွေးမှာ ပိုတက်ဆီယမ်ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် ဆီးသွားတဲ့စနစ်ကိုကောင်းမွန်စေပြီး ဆီးကျောက်တည်တာကို ကာကွယ်ပေးနိုင်ပါတယ်။

ဘယ်လိုလုပ်မလဲ

14700606003_acf8f9d93e_o

ပြောင်းဖူးမွေးထဲက မည်းနေတဲ့ အမွေးတွေကို ဖယ်လိုက်ပါ။

14494253757_d0ed973a8c_o14680715835_72da743c66_o

ပြီးရင်အခွံနွာပြီး အထဲက နုတဲ့ အမွေးကိုပဲယူပါ။

14494064229_c2cccb5db7_o

ပြီးရင် ရေဆေးပြီး သဘက်တစ်ခုခု ပုဝါတစ်ခုခုပေါ်တင်လိုက်ပါ။ စာရွက် သတင်းစာတစ်ခုခုကို အသုံးပြုလို့လည်းရပါတယ်။

14494074888_e7239ee2dc_o

ပြီးရင် အခြောက်ခံပါ။ တစ်ပတ် (သို့) ၂ ပတ်လောက်ကြာနိုင်ပါတယ်။

ပြီးရင်အညိုရောင်လေးဖြစ်လာပါလိမ့်မယ်။

14700605933_1a03294d1b_o

အဲဒီအမွေးကို ခွက်တစ်လုံးထဲထည့်လိုက်ပြီး ရေနွေးထည့်ပါ။

14680413172_30c7c3db78_o14677524591_44c83b29f5_o

ပြီးရင်တစ်ခေါက်လောက် ရေသွန်လိုက်ပြီး နောက်ထပ် ခွက်တစ်လုံးထဲကိုထည့်ကာ ရေနွေးလောင်းထည့်ပါ။

14680413072_8d9aa583db_o

ပြီးရင် သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ထည့်ပေးပါ။ (သို့) ပျားရည်ကိုအသုံးပြုလည်းရပါတယ်။

14494253097_10bfa7b5be_o

ပြီးရင် သံပုယိုသီးခွံ (သို့) ပူစီနံရွက်အနည်းငယ်ထည့်ပါ။

14494074088_533c99a759_o14678357914_c09b0cd15e_o

ပြီးရင် ၂ မိနစ်လောက်ထားပြီး ပြောင်းဖူးမွေးကို ဆယ်ပြီးသောက်နိုင်သလို မဆယ်ဘဲနဲ့ ဒီအတိုင်းလည်းသောက်နိုင်ပါတယ်။

Featured Image Source: Purchase Medicine Online | Noida | Delhi | Ghaziabad | Faridabad

[Zawgyi]