အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားပြီးလို့ အချိုပွဲတည်းချင်ရင်ပဲဖြစ်ဖြစ်၊ ဧည့်သည်တွေလာလို့ အချိုပွဲနဲ့ဧည့်ခံချင်ရင်ပဲဖြစ်ဖြစ် အလွယ်တကူလုပ်လို့ရမယ့် ချောကလက်ပူတင်းအချိုပွဲ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ချောကလက်ကြိုက်တဲ့သူတွေအတွက်ဆို သူတို့အကြိုက်နဲ့ ကွက်တိဖြစ်စေမယ့် အချိုပွဲလေးပါပဲ။

ပါဝင်ပစ္စည်းများ

  • ထောပတ်သီးမှည့် ၂ လုံး
  • ခရင်မ် ပန်းကန်လုံး ၃ခွက် (သို့) ၄ခွက်
  • ချောကလက် အရည် ပန်းကန်လုံး ၁ ခွက် (သို့) ၂ ခွက်
  • ပျားရည် ပန်းကန်လုံး ၂ ခွက်စာ
  • ကိုးကိုးမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သစ်ခွရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ဇွန်းဝက်ခန့်
  • ချောကလက် အတွန့် အကွေးလေးများ (အားလုံးပြင်ဆင်ပြီးပါက ချောကလက်ပူတင်းပေါ်၌ အလှဆင်ရန်)

ပြုလုပ်နည်းအဆင့်ဆင့်

ထောပတ်သီး ၂ လုံးကို အစေ့ဖယ်ထုတ်ပြီး ထောပတ်သီးအသားများကို သစ်သီးဖျော်စက်ထဲ ထည့်လိုက်ပါ။

ပျားရည်ထည့်ပါ။

ချောကလက်အရည်များ ထပ်ထည့်ပါ။

ကိုးကိုးမှုန့်ထည့်လိုက်ပါ။ ပြီးရင် သစ်ခွရည်ထပ်ထည့်ပါ။

ဆားအနည်းငယ်နှင့် ခရင်မ်များ ထည့်ပြီးပါက ဖျော်စက်ကို အဖုံးပိတ်ပြီး မွှေပေးလိုက်ပါ။

မွှေပေးပြီးပါက ဖန်ခွက်ထဲထည့်ပြီး ရေခဲသေတ္တာထဲ၌ မိနစ် ၃၀ မှ တစ်နာရီအထိ အအေးခံလိုက်ပါ။

နောက်ဆုံးအဆင့်အနေနဲ့ ရေခဲသေတ္တာထဲက ထုတ်ပြီး ချောကလက်ပူတင်းပေါ်သို့ ချောကလက် အတွန့်အကွေးလေးတွေ ဖြူးလိုက်ပါ။ ဒါဆိုရင်တော့ အရသာအရမ်းရှိတဲ့ ချောကလက်ပူတင်း အချိုပွဲလေးကို သုံးဆောင်နိုင်ပါပြီ။

Source: Delish.com