အိမ်မှာ သီးပင် စားပင်တွေကို စိုက်ပျိုးတဲ့ အဓိက ရည်ရွယ်ချက်ဟာ ဓာတ်မြေသြဇာရန်ကနေ ကာကွယ်ဖို့နဲ့ လတ်လတ်ဆတ်ဆတ် စားသုံးဖို့ပါ။ ဒါပေမယ့် ကိုယ်စိုက်ပျိုးတဲ့ အပင်လေး ဒီထက်မက ရည်သန်စေချင်တဲ့ စိတ်တော့ ရှိကြပါတယ်။

မြေဆွေး တစ်ခုထဲနဲ့တင် မလုံလောက်တဲ့ အခါ ဘာဆေးကျွေးရမှန်း မသိ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ လွယ်ကူပြီး အာဟာရဖြစ်စေမယ့် ကိုယ်တိုင်လုပ် မြေသြဇာလုပ်နည်းလေးကို မျှဝေချင်ပါတယ်။ ပိတ်ရက်မှာ အပင်လေးတွေနဲ့ ပီတိဖြစ်စေဖို့ပါ။

eggshells-in-the-garden

လိုအပ်တဲ့ ပစ္စည်းများ

– ကြက်ဥအခွံများ
– ရေနွေးဆူဆူ တစ်အိုး

step1

၁။ ကြက်ဥအခွံတွေကို အတွင်းပိုင်း ရေသေချာ ဆေးကြောပါ။

၂။ ရေနွေးတစ်အိုးကို ကျွတ်ကျွတ်ဆူအောင် တည်ပါ။

step-2

၃။ ကြက်ဥအခွံတွေကို ကြေအောင် ချေထားပါ။

step-2

၄။ ရေနွေးအိုး ဆူရင် ကြက်ဥအခွံတွေထဲကို လောင်းထည့်ပါ။

step-3

၅။ အဝတ်စတစ်ခုနဲ့ လုံအောင် အုပ်ပြီး တစ်ည သိပ်ထားပါ။

step-4

၆။ မနက်ဆိုရင်တော့ အရည်တွေကို စစ်ယူပြီး အပင်တွေကို လောင်းလို့ ရပါပြီ။

step-5

အပင်တွေ အတွက် သဘာ၀ မြေသြဇာဖြစ်လို့ ဘေးထွက်ဆိုးကျိုး မရှိတဲ့ အပြင် စွန့်ပစ်ပစ္စည်းကနေ ပြုလုပ်တဲ့ အတွက် ငွေကုန်သက်သာစေမယ့် နည်းလေးပါ။

ပြုတ်ထားတဲ့ ကြက်ဥတွေရဲ့ အခွံကိုလည်း သုံးလို့ရပါတယ်။ ကြက်ဥတွေကို အခွံမြန်မြန် ခွာဖို့ နည်းလမ်း ဗီဒီယိုလေးကိုပါ မျှဝေလိုက်ပါတယ်။

Photo Credit: ehow