ဆိုင်တွေမှာက Chocolate Milkshake လောက်ပဲဝယ်သောက်လို့ရတာပါ။ Nutella Milkshake ကျတော့ ရောင်းတဲ့ဆိုင်လည်း အရမ်းနည်းပါတယ်။ ဒါပေမယ့် City Mart တွေမှာရောင်းတဲ့ Nutella ဘူးကိုသာ ဝယ်ထားလိုက်မယ်ဆိုရင်တော့ အိမ်မှာအလွယ်တကူလုပ်သောက်လို့ရပါပြီ။ ဒါကြောင့် အိမ်မှာအလွယ်တကူလုပ်သောက်လို့ရအောင် Nutella Milkshake ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

Nutella Milkshake ပြုလုပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ Nutella, Vanilla ရေခဲမုန့်၊ နို့ဆီနဲ့ နွားနို့တို့ လိုအပ်ပါတယ်။

စတင်ပြုလုပ်ဖို့အတွက် Blander ထဲကို Nutella – တစ်ခွက်စာနဲ့ နို့ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းစာထည့်ပေးပါ။ Vanilla ရေခဲမုန့် – စားပွဲတင်ဇွန်း ၃ ဇွန်း (သို့) ၄ ဇွန်းစာနဲ့ နွားနို့ – ခွက်တစ်ခွက်စာတို့ကို ထည့်ပြီးမွှေပေးပါ။

မွှေပြီးတာနဲ့ ကိုယ်သောက်မယ့်ခွက်ထဲထည့်ပြီး အပေါ်ကနေ ကိုယ်ကြိုက်နှစ်သက်ရာ Topping တွေတင်ပြီး သောက်လို့လည်းရသလို၊ ဒီတိုင်းသောက်လို့လည်းရပါတယ်။

Photo Source: www.laurainthekitchen.com