[Unicode]

အားလုံးပဲမင်္ဂလာပါနော်။ Green Tea မှာကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိတယ်ဆိုတာ စာဖတ်သူတို့လည်း သိပြီးသားဖြစ်မှာပါ။ Antioxidant တွေအများကြီးပါဝင်ပြီး သင့်ကို ကျန်းမာစေပါတယ်။ ဆီးချို၊ ကင်ဆာ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

Green Tea အအေးကတော့ သင့်ကို အမောပြေစေပြီး အရသာရှိသလို အကြိုက်တွေ့စေမယ်လို့ မျှော်လင့်ပါတယ်။ နွေရာသီပဲဖြစ်ဖြစ်၊ မိုးတွင်းဖြစ်ဖြစ် သောက်လို့အဆင်ပြေမှာပါ။ အဆင်သင့်လုပ်ထားတဲ့ Iced Tea တွေရှိတာပေါ့။ ဒါပေမယ့်လည်း ကိုယ်ကိုယ်တိုင် လုပ်တာကမှ ပိုပြီးအရသာရှိပြီး ပိုကျန်းမာရေးနဲ့ညီညွတ်မှာပါနော်။

ဘယ်လိုလုပ်ရမလဲဆိုတာ ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်း

  • ရေ ၃ ခွက်
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေခဲတုံး အနည်းငယ်
  • သံပယိုသီး ၁ စိတ်

  • ဂျင်း စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပူစီနံ အနည်းငယ်
  • Green Tea အထုပ် ၂ ထုပ် (သို့) ၃ ထုပ်

ပြုလုပ်နည်း

အရင်ဆုံး ရေကိုပွက်ပွက်စူအောင် သည်ပါ။ ဂျင်းနဲ့ Green Tea အထုပ်ထည့်လိုက်ပါ။ ၁ မိနစ်လောက်ထားပါ။

ပူစီနံ ထည့်ပါ။ ၁၀ မိနစ် ၁၅ မိနစ်လောက်ထားပါ။

ပြီးရင်တော့ မီးဖိုပေါ်ကချပြီး ခရားထဲထည့်ထားပါ။

သောက်တော့မယ်ဆိုရင် Shaker ထဲထည့်လိုက်ပြီး ရေခဲတုံးထည့်လိုက်ပါ။ ပြီးရင်တော့ သံပယိုသီးအရည်ညှစ်၊ ပျားရည် ထည့်လိုက်ပြီး လှုပ်ခါကာ သောက်ပေးလိုက်ပါ။

Source: www.febhow.com

By: MyFood Myanmar

[Zawgyi]

အားလံုးပဲမဂၤလာပါေနာ္။ Green Tea မွာက်န္းမာေရးအက်ိဳးေက်းဇူးေတြအမ်ားႀကီးရွိတယ္ဆိုတာ စာဖတ္သူတို႔လည္း သိၿပီးသားျဖစ္မွာပါ။ Antioxidant ေတြအမ်ားႀကီးပါဝင္ၿပီး သင့္ကို က်န္းမာေစပါတယ္။ ဆီးခ်ိဳ၊ ကင္ဆာ ျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

Green Tea အေအးကေတာ့ သင့္ကို အေမာေျပေစၿပီး အရသာရွိသလို အႀကိဳက္ေတြ႕ေစမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ေႏြရာသီပဲျဖစ္ျဖစ္၊ မိုးတြင္းျဖစ္ျဖစ္ ေသာက္လို႔အဆင္ေျပမွာပါ။ အဆင္သင့္လုပ္ထားတဲ့ Iced Tea ေတြရွိတာေပါ့။ ဒါေပမယ့္လည္း ကိုယ္ကိုယ္တိုင္ လုပ္တာကမွ ပိုၿပီးအရသာရွိၿပီး ပိုက်န္းမာေရးနဲ႔ညီညြတ္မွာပါေနာ္။

ဘယ္လိုလုပ္ရမလဲဆိုတာ ၾကည့္လိုက္ရေအာင္။

ပါဝင္ပစၥည္း

  • ေရ ၃ ခြက္
  • ပ်ားရည္ စားပြဲတင္ဇြန္း ၂ ဇြန္း
  • ေရခဲတံုး အနည္းငယ္
  • သံပယုိသီး ၁ စိတ္

  • ဂ်င္း စားပြဲတင္ဇြန္း ၂ ဇြန္း
  • ပူစီနံ အနည္းငယ္
  • Green Tea အထုပ္ ၂ ထုပ္ (သို႔) ၃ ထုပ္

ျပဳလုပ္နည္း

အရင္ဆံုး ေရကုိပြက္ပြက္စူေအာင္ သည္ပါ။ ဂ်င္းနဲ႔ Green Tea အထုပ္ထည့္လုိက္ပါ။ ၁ မိနစ္ေလာက္ထားပါ။

ပူစီနံ ထည့္ပါ။ ၁၀ မိနစ္ ၁၅ မိနစ္ေလာက္ထားပါ။

ၿပီးရင္ေတာ့ မီးဖိုေပၚကခ်ၿပီး ခရားထဲထည့္ထားပါ။

ေသာက္ေတာ့မယ္ဆိုရင္ Shaker ထဲထည့္လိုက္ၿပီး ေရခဲတံုးထည့္လိုက္ပါ။ ၿပီးရင္ေတာ့ သံပယုိသီးအရည္ညွစ္၊ ပ်ားရည္ ထည့္လိုက္ၿပီး လႈပ္ခါကာ ေသာက္ေပးလုိက္ပါ။

Source: www.febhow.com

By: MyFood Myanmar