Tips & Stories | ကလေးများအတွက် ဟင်းလျာများ - Recipes for Kids | အထွေထွေ ဗဟုသုတ - General Knowledge

ကမ္ဘာကျော် KFC ကြက်ကြော်ကို အိမ်မှာ ကြော်စားရအောင်

October 31, 2016

ကမ္ဘာကျော် KFC ကြက်ကြော်ကို အိမ်မှာ ကြော်စားရအောင်

Share this on:

KFC ကြက်ကြော်ဟာ 1940 ခုနှစ်ကနေ စတင်ပြီး ယနေ့တိုင် ကမ္ဘာကျော်နေဆဲ ကြက်ကြော်ပါ။ မြန်မာပြည်မှာတော့ 2015 မှ ၀င်ရောက်လာခဲ့ပြီး လူကြိုက်များတဲ့ ဆိုင်တစ်ခု ဖြစ်ပါတယ်။ ဒီလို အရသာ ရှိတဲ့ ကြက်ကြော်ကို ဘယ်လိုကြော်လဲဆိုတဲ့ လျှို့ဝှက်ချက်ကို သိရင် အိမ်မှာပဲ ကြော်စားလို့ ရပြီပေါ့

ပြင်ဆင်ချိန် – မိနစ် ၃၀
အသားနှပ်ချိန် – မိနစ် ၃၀
ချက်ပြုတ်ချိန် – မိနစ် ၃၀
ကြော်ချိန် – ၁၅-၁၈ မိနစ်

kfc_in

လိုအပ်သော ပစ္စည်းများ

– ဂျုံ ခွက်၂ခွက်
– ဆား လက်ဖက်ရည်ဇွန်း 2/3
– Thyme လက်ဖက်ရည်ဇွန်း 1/2 (ပုံမှာ ပုံစံကိုပြထားပါတယ်)
– ပင်စိမ်းအခြောက်မှုန့် လက်ဖက်ရည်ဇွန်း 1/2
– Marjoram လက်ဖက်ရည်ဇွန်း 1/3 (ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးပါ။ Citymart တွေမှာ ရနိုင်ပါတယ်)


– ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း
– မုန်ညင်းစေ့ လက်ဖက်ရည်ဇွန်း ၁ဇွန်း
– ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၄ဇွန်း
– ကြက်သွန်ဖြူမှုန့် ၂ဇွန်း

dried-basil
– ဂျင်းမှုန့် ၁ဇွန်း
– Low-Fat Cream တစ်ခွက် (လက်ဖက်ရည်ခွက်)
– ကြက်ဥ
– ကြက်သား အသားများများ တစ်ခြမ်း
– ပန်းနှမ်းဆီ (မွှေးအောင်လို့ပါ။ နှမ်းဆီသုံးလည်း ရပါတယ်)

chicker-for-kfc

 

ပြုလုပ်ပုံ

၁။ ဂျုံမှုန့်တွေနဲ့ ဟင်းခတ် အမွှေးအကြိုင်အားလုံးကို ခွက်တစ်ခွက်ထဲ ထည့်ပြီး ရောမွှေလိုက်ပါ။

၂။ အခြားခွက်မှာ ကြက်ဥနဲ့ Low Fat Cream တွေကို ရောပါ။ ကြက်သားအပိုင်းတွေကို မိနစ် ၂၀-၃၀ စိမ်ထားပါ။ အခန်းအပူချိန်မှာပဲ ထားပါ။

how-to-make-kfc-fried-chicken

၃။ နာရီဝက်ကြာတဲ့အခါ ကြက်သားတွေကို ယူပြီး အစက်တွေ တစက်စက် မကျတော့တဲ့ အထိ ခဏစောင့်ပါ။ ပြီးရင် ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ရောလိုက်ပါ။ ကြက်သားအပေါ်မှာ အားလုံး ဖုံးနေပါစေ။ ပြီးရင် မိနစ် ၂၀ လောက်ထားထားပါ။

၎။ အသားတွေ ကြော်ဖို့အတွက် အချိန်ရောက်တဲ့အခါ ဒယ်အိုးထဲကို ဆီထည့်ပါ။ အပူချိန်ကတော့ 175 ဒီဂရီစင်တီဂရိတ်လောက် ရှိရပါမယ်။

မီးဖိုချောင်သုံး သာမိုမီတာကို သုံးပြီး အပူချိန်ကို ချိန်ပါ။ ပြီးရင်တော့ စကြော်ပါ ၁၅-၁၈ မိနစ်လောက်ထိ ရွှေရောင်သမ်းလာတဲ့ အထိကြော်ပါ။
ရွှေရောင်သန်းလာရင်တော့ ဆယ်ပြီး ဆီစစ်စက္ကူပေါ်မှာ ခဏထားပါ။
ဒီအတိုင်း ကျန်နေတဲ့ အသားတွေကိုလည်း ကြော်ပါ။ ဟင်းခတ်အမွှေးအကြိုင် စုံလင်စွာ ထည့်တာက လွဲရင် လွယ်ကူတဲ့ နည်းပါပဲ။
အချို့နည်းတွေကတော့ ကြက်သားကို ဒိန်ချဉ်နဲ့ နှပ်ပြီး တစ်ညသိပ်ပြီးမှ ကြော်ကြပါတယ်။

Review

User Rating

3.5 (13 Votes)