အားလုံးပဲမင်္ဂလာပါနော်။ ငါးဖယ်အသားလုံးကြော်ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ကိုရီးယား စတိုင်လ် ငါးဖယ်အသားလုံးကြော်ပြုလုပ်နည်းလေးဖြစ်ပါတယ်နော်။ စာဖတ်သူတို့ နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်။

ပါဝင်ပစ္စည်း

  • ငါးဖယ် (အရိုးနွှင်ပြီးသားငါး)
  • ပုစွန် အခွံနွှင်ပြီးသား အနည်းငယ်
  • ပြည်ကြီးငါး အနည်းငယ်
  • ကြက်သွန်နီအနည်းငယ်
  • မုန်လာဥနီ အနည်းငယ်

  • ငရုတ်သီးအနီအနည်းငယ်
  • ကြက်သွန်မြိတ်အနည်းငယ်
  • ကြက်ဥအကာ ၁ လုံး
  • သကြားအနည်းငယ်
  • ဆားအနည်းငယ်

  • အာလူးကော်မှုန့် (ပြောင်းဖူးကော်မှုန့်) စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှစ်သက်ရာ ဆန်မှုန့် (သို့) ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆီ အနည်းငယ်

ပြုလုပ်နည်း

ငါး၊ ပြည်ကြီးငါး၊ ပုစွန်တို့ကိုသေချာဆေးပေးလိုက်ပါ။ ပြီးရင်တော့ အခြောက်ခံပေးလိုက်ပါ။

အဲဒီနောက် ကျိတ်စက်ထဲထည့်ပြီး ကျိတ်လိုက်ပါ။

အဲဒီနောက် တခြားပါဝင်ပစ္စည်းတွေဖြစ်တဲ့ မုန်လာဥနီ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ကြက်ဥအကာ၊ သကြား၊ ဆား၊ အာလူးကော်မှုန့်၊ ဂျုံမှုန့်တို့ကိုလည်းလိုက်ပြီး သေချာမွှေလိုက်ပါ။

ပြီးရင်တော့ သေချာလုံးပေးလိုက်ပြီး ဆီပူပူထဲမှာထည့်ကြော်ပေးလိုက်ရုံပါပဲ။

ရသွားပြီဆိုရင်တော့ သုံးဆောင်လို့ရပါပြီနော်။

Source: www.mykoreankitchen

By: MyFood Myanmar