[Unicode]

စားရတာလွယ်ကူပြီး အိမ်မှာအလွယ်တကူပြုလုပ်နိုင်တဲ့ ကိုရီးယား ရေညှိထမင်းလိပ် လိပ်နည်းကို မျှဝေပေးချင်ပါတယ်။ အလွယ်တကူရနိုင်တဲ့ အသား ဟင်းသီးဟင်းရွက်တွေနဲ့ ပြုလုပ်နိုင်ပါတယ်။

ပါဝင်ပစ္စည်း

kimbap-ingredients

ထမင်း (ရှမ်းဆန် (သို့) ပေါဆန်းမွှေး) ၁ လုံး

ရေညှိ (အပြားကြီး)

ကြက်ဥ ၂ လုံး

ဆား

နှမ်းဆီ

အမည်းသား (သို့) မိမိကြိုက်နှစ်သက်ရာ

မုန်လာဥနီ

ဟင်းနုနွယ်

မုန်လာဥဖြူဆားရေစိမ် (မထည့်လည်းရပါတယ်။)

ဂဏန်းချောင်း (သို့) မိမိကြိုက်နှစ်သက်ရာ

ပါဝင်ပစ္စည်းတွေအားလုံးကို စုံအောင်ထည့်စရာတော့မလိုပါဘူး။ အထဲက ပါဝင်ပစ္စည်းတွေကို အလွယ်တကူပဲ အရသာရှိသလိုလုပ်စားလို့ရပါတယ်။

kimbap-6

ထမင်းကို ဆီနည်းနည်း ဆားနည်းနည်းနဲ့ နယ်လိုက်ပါ။ ကြက်ဥကို နာနာခလောက်ပြီး ပြားပြားလေး မွှေကြော်ပါ။ ပြီးရင် အချောင်းလိုက်လှီးထားပါ။ မုန်လာဥနီ မုန်လာဥဖြူ ကိုလည်း အချောင်းလိုက်လှီးပါ။ ဂဏန်းချောင်းကိုလည်းအချောင်းလိုက်လှီးပါ။

ဟင်းနုနွင်ကိုပြုတ်ပြီး ဆား နှမ်းဆီနည်းနည်းနဲ့ နယ်ထားပေးပါ။ အသားကို နုတ်နုတ်စဉ်းကြော်ပြီးထားပါ။

ပြီးရင် ထမင်းလိပ်လိပ်တဲ့ ဖြာထဲမှာ ရေညှိခင်းလိုက်ပါ။ ပြီးရင်ထမင်းအနည်းငယ်ဖြူးပါ။ စောစောကလုပ်ထားတဲ့ ပါဝင်ပစ္စည်းတွေကို တစ်ခုချင်းဆီ အစီအရီထည့်ပါ။

kimbap-4

ပြီးရင်ဖြာကို လိပ်လိုက်ပါ။

kimbap-3

အဲဒီနောက် အနေတော်လှီးပြီး စားသုံးလို့ရပါပြီ။

Featured Image Source: Okonomi Kitchen

[Zawgyi]

စားရတာလြယ္ကူၿပီး အိမ္မွာအလြယ္တကူျပဳလုပ္ႏိုင္တဲ့ ကိုရီးယား ေရညွိထမင္းလိပ္ လိပ္နည္းကို မွ်ေ၀ေပးခ်င္ပါတယ္။ အလြယ္တကူရႏိုင္တဲ့ အသား ဟင္းသီးဟင္းရြက္ေတြနဲ႔ ျပဳလုပ္ႏိုင္ပါတယ္။

ပါ၀င္ပစၥည္း

kimbap-ingredients

ထမင္း (ရွမ္းဆန္ (သို႔) ေပါဆန္းေမႊး) ၁ လံုး

ေရညွိ (အျပားႀကီး)

ၾကက္ဥ ၂ လံုး

ဆား

ႏွမ္းဆီ

အမည္းသား (သို႔) မိမိႀကိဳက္ႏွစ္သက္ရာ

မုန္လာဥနီ

ဟင္းႏုႏြယ္

မုန္လာဥျဖဴဆားေရစိမ္ (မထည့္လည္းရပါတယ္။)

ဂဏန္းေခ်ာင္း (သို႔) မိမိႀကိဳက္ႏွစ္သက္ရာ

ပါ၀င္ပစၥည္းေတြအားလံုးကို စံုေအာင္ထည့္စရာေတာ့မလိုပါဘူး။ အထဲက ပါ၀င္ပစၥည္းေတြကို အလြယ္တကူပဲ အရသာရွိသလိုလုပ္စားလို႔ရပါတယ္။

kimbap-6

ထမင္းကို ဆီနည္းနည္း ဆားနည္းနည္းနဲ႔ နယ္လိုက္ပါ။ ၾကက္ဥကို နာနာခေလာက္ၿပီး ျပားျပားေလး ေမႊေၾကာ္ပါ။ ၿပီးရင္ အေခ်ာင္းလိုက္လွီးထားပါ။ မုန္လာဥနီ မုန္လာဥျဖဴ ကိုလည္း အေခ်ာင္းလုိက္လွီးပါ။ ဂဏန္းေခ်ာင္းကိုလည္းအေခ်ာင္းလုိက္လွီးပါ။

ဟင္းႏုႏြင္ကိုျပဳတ္ၿပီး ဆား ႏွမ္းဆီနည္းနည္းနဲ႔ နယ္ထားေပးပါ။ အသားကို ႏုတ္ႏုတ္စဥ္းေၾကာ္ၿပီးထားပါ။

ၿပီးရင္ ထမင္းလိပ္လိပ္တဲ့ ျဖာထဲမွာ ေရညွိခင္းလုိက္ပါ။ ၿပီးရင္ထမင္းအနည္းငယ္ျဖဴးပါ။ ေစာေစာကလုပ္ထားတဲ့ ပါ၀င္ပစၥည္းေတြကို တစ္ခုခ်င္းဆီ အစီအရီထည့္ပါ။

kimbap-4

ၿပီးရင္ျဖာကို လိပ္လိုက္ပါ။

kimbap-3

အဲဒီေနာက္ အေနေတာ္လွီးၿပီး စားသံုးလို႔ရပါၿပီ။