အားလုံးပဲမင်္ဂလာပါနော်။ ရုပ်ရှင်ကြည့်တဲ့အခါမှာပဲဖြစ်ဖြစ်၊ မိသားစု သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောကြတဲ့အခါမှာပဲဖြစ်ဖြစ် ရွှေဖုံသီး ကြွပ်ကြော်လေးလုပ်စားလို့ရပါတယ်။

အရသာရှိပြီး အားလုံးလည်း အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ရွှေဖရုံသီး လိုအပ်သလောက်
  • ပြောင်းဖူးကော်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံလွင်ဆီ လက်ဖက်ရည်ဇွန်း  ၁ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ချိစ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူမှုန့် (ထောင်း) အနည်းငယ်
  • ရေ လိုအပ်သလောက်

ပြုလုပ်နည်း

အရင်ဆုံး ရွှေဖရုံသီးကို အခွံခွာပြီး အချောင်းလေးတွေ လှီးလိုက်ပါ။

ပြီးရင်ရေအေးအေးနဲ့ မိနစ် ၃၀ လောက်စိမ်ထားပါ။

ပြီးရင်တော့ ရေခြောက်အောင်ဆစ်လိုက်ပါ။

အဲဒီနောက် အပေါ်ကနေ ပြောင်းဖူးကော်မှုန့်၊ ဆီ၊ ငရုတ်သီးမှုန့်၊ ဂျင်းမှုန့်၊ ကြက်သွန်ဖြူမှုန့် စတာတွေကိုထည့်လိုက်ပြီး သေချာနယ်ပေးလိုက်ပါ။ ပြီး၇င်တော့ Aluminium Sheet ပေါ်မှာတင်လိုက်ပြီး Oven နဲ့ ၁၅ မိနစ်လောက် ကင်လိုက်ပါ။ အပူချိန်ကို 350° F (180° C) ထားရပါမယ်။

Oven မရှိတဲ့သူတွေကတော့ ဆီနဲ့ ကြော်လိုက်လို့ရပါတယ်နော်။

ရွှေဖရုံသီးကြော် ကြွပ်ကြွပ်ရွရွလေး လုပ်စားရအောင်

ရပြီဆိုရင်တော့ အပေါ်ကနေ ချိစ်လေးဖြူးပေးလိုက်ပါ။

ပြီးရင်ဆော့လ်လေးနဲ့ သုံးဆောင်လို့ရပါပြီနော်။

Source: www.fabhow.com