အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ တစ်ချက်ခုတ် ၃၊ ၄ ချက် ပြတ်တဲ့လုပ်ရတာလည်း လွယ်တယ်၊ အရသာလည်းရှိတယ်၊ ကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့ ဂျင်းလက်ဖက်ရည်ပြုလုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပုံမှန်သောက်သုံးပေးမယ်ဆိုရင်တော့ လည်ချောင်းရှင်းမယ်၊ အအေးမိဖျားနာခြင်းကို ကာကွယ်ပေးမယ်၊ ချောင်းဆိုးခြင်းကိုလည်း သက်သာစေမယ်၊ အစာလည်းကျေစေမှာဖြစ်သလို၊ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ Antioxidant ပါဝင်ပြီးတော့ တခြားကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေမှာပါ။

ပါဝင်ပစ္စည်း

  • ဂျင်း
  • ရေ
  • သံပယိုရည် (သို့) သံပရာရည်
  • ပျားရည်
  • သကြား (လိုအပ်မှထည့်ပါ)

ပြုလုပ်နည်း

အရင်ဆုံး ဂျင်းကို အခွံနွှာလိုက်ပြီး အတုံးလေးတွေလှီးလိုက်ပါ။

အိုးထဲကို ရေထည့်ပြီး ပွက်ပွက်ဆူအောင်တည်လိုက်ပါ။

ဆူလာရင် ဂျင်းထည့်ပေးလိုက်ပါ။

၁၀ မိနစ်လောက် အဖုံးအုပ်ထားပေးပါ။

ပြီးရင်တော့ ဇကာနဲ့ သေချာလေး စစ်ပေးလိုက်ပါ။

သံပယိုသီး (သို့) သံပရာသီးညှစ်လိုက်ပါ။

ပျားရည် ထည့်လိုက်ပါ။ လိုအပ်ရင် သကြားထပ်ထည့်နိုင်ပါတယ်။

ရိုးရှင်းလွယ်ကူ အရသာရှိပြီး ကျန်းမာရေးအတွက်လည်းကောင်းမွန်တဲ့ ဂျင်းလက်ဖက်ရည်

ပူပူလေးသောက်ပေးပါ။

Source: www.fabhow.com