မင်္ဂလာပါနော်။ အစားအစာတွေကို စားချင်စဖွယ်လေး ချက်ပြုတ်ပြီး မိမိ မိသားစုအတွင်း ရင်းနှီးမှုကို ဆတိုးရယူလိုက်ပါ။

ဒီတခါမှာတော့ ကြက်ဥကို စားချင်စဖွယ် ပုံစံခွက်လေးနဲ့ လှလှလေးကြော်စားလို့ရမယ့် နည်းလမ်းတွေကို မျှဝေပေးသွားမှာပါ။

နည်းလမ်း ၁

ပါဝင်ပစ္စည်း

ကြက်ဥ

ကြက်သွန်နီ အကြီး

ငရုတ်ပွသီး

ဆီ

ပြုလုပ်နည်း

ကြက်သွန်နဲ့ ငရုတ်ပွသီးတွေကို အခုပုံမှာပြထားသလိုလေး လှီးလိုက်ပါ။

ပြီးရင်တော့ ကြော်မယ့်အိုးထဲမှာ ဆီထည့်ပြီး လှီးထားတဲ့ ငရုတ်ပွသီး ကြက်သွန်နီကို ထည့်လိုက်ပါ။

ပြီးရင် ကြက်ဥကို ခွဲပြီး အထဲမှာထည့်ပေးလိုက်ပါ။

ပြီးရင် အဖုံးလေးအုပ်ပေးထားပြီး ၃ မိနစ်မှ ၅ မိနစ်အထိ ထားပါ။

ပြီးသွားရင်တော့ အဖုံးကိုဖယ်လိုက်ပြီး အသင့်သုံးဆောင်လို့ရပါပြီနော်။

နည်းလမ်း ၂

ပါဝင်ပစ္စည်း

ကြက်ဥ

ဆီ

ပုံစံခွက်အဝိုင်း

ပြုလုပ်နည်း

အရင်ဆုံးအိုးထဲကို ဆီထည့်ပါ။ ပြီးရင် ပုံစံခွက်ကို ချလိုက်ပါ။

အဲဒီနောက် ကြက်ဥကို ခလောက်ထည့်လိုက်ပါ။

အဖုံးဖုံးပေးထားပါ။ ၂ မိနစ် ၃ မိနစ်လောက်ထားပါ။

ပြီးရင် ပန်းကန်ထဲပြောင်းထည့်ပြီး ပုံစံခွက်ကိုထုတ်လိုက်ပါ။

မိမိနှစ်သက်တဲ့ ပေါင်မုန့်နဲ့ တွဲစားလို့ရသလို ထမင်းနဲ့လည်းစားလို့ရတယ်နော်။