သင်က သတ်သတ်လွတ်စားသုံးသူလား၊ ဒါမှမဟုတ် သတ်သတ်လွတ်စားပြီး ဥပုသ်စောင့်တဲ့နေ့မှာ ဆန်းဒဝှစ်ချ်စားချင်ပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမဲ့ ဟင်းရွက်ဆန်းဒဝှစ်ချ်ပြုလုပ်နည်းကို သေချာလိုက်ဖတ်ထားဖို့လိုမယ်နော်။

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့်လေးချပ်
  • ထောပတ်အနည်းငယ်
  • ခရမ်းချဉ်သီး ၁ လုံး
  • မုန်လာဥနီ ၁ လုံး

  • ပြောင်းဖူးအနည်းငယ်
  • ငရုတ်ပွအနည်းငယ်
  • ပါးပါးလှီးထားသော ကြက်သွန်နီ
  • ကြက်သွန်ဖြူ (သို့) ချင်းအနည်းငယ်

(မိမိကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်များနဲ့လည်း ပြုလုပ်နိုင်ပါသေးတယ်)

ပြုလုပ်နည်း

ပေါင်မုန့်များကို ထောပတ်သုတ်လိုက်ပြီး မီးအပူပေးလိုက်ပါ။ အဲ့ဒီအချိန်မှာ ပါဝင်ပစ္စည်းများကို အဆင်သင့်ပြုလုပ်ထားပါ။

ဆီအနည်းငယ်ထည့်ကာ ကြက်သွန်ဖြူ (သို့) ချင်း နဲ့ ဇီဇရာစေ့ကို ဆီနည်းနည်းနဲ့ ဆီသတ်လိုက်ပါ။ (ဇီဇရာစေ့ရှာရခက်ပါက မထည့်လည်း ရပါတယ်)

ဆီသတ်ထားသောဒယ်အိုးထဲသို့ ခရမ်းချဉ်သီးအတုံးလေးများထည့်ကာ ဆားအနည်းဖြူးပြီး မွှေလိုက်ပါ။

မီးအေးအေးလေးနဲ့ ခဏထားပြီး ခရမ်းချဉ်အတုံးလေးများ ပျော့လာတဲ့အထိ အဖုံးအုပ်ထားပါ။

ငရုတ်သီးမှုန့်အနည်းငယ်ထည့်ပါ။ (အစပ်မစားသူများက ဒီအဆင့်ကို ကျော်လိုက်လို့ရပါတယ်)

ပြောင်းဖူး၊ ပါးပါးလှီးထားသော ငရုတ်ပွ၊ မုန်လာဥနီ၊ ကြက်သွန်နီများကို အိုးထဲထည့်ပြီး မီးပြင်းပြင်းနဲ့ ထည့်ကြော်လိုက်ပါ။

မဆလာအနည်းငယ်ဖြူးပြီး အနံ့သင်းသင်းလေးရဖို့ ပူစီနံအရွက်ထည့်ပေးလိုက်ပါ။

ကျက်သွားသော ဟင်းရွက်ကြော်များကို ပေါင်မုန့်ပေါ်သို့ တင်လိုက်ပါ။

အခြားပေါင်မုန့်တစ်ချပ်စီကို အပေါ်မှာတင်လိုက်ပြီး ဟင်းသီးဟင်းရွက်အစာတွေကိုမထွက်အောင်လို့ ဖြည်းဖြည်းလေးဖိလိုက်ပါ။

ဒီလိုဆိုရင်တော့ အရသာရှိလှတဲ့ ဟင်းရွက်ညှပ်ပေါင်မုန့်ပူပူလေးကို သုံးဆောင်နိုင်ပါပြီ။

Source: www.indianhealthyrecipes.com