အာဟာရဓာတ်တွေ အမြောက်အမြားပါဝင်တဲ့ အသီးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ကီဝီသီးဟာဆိုရင် လိမ္မော်သီး၊ သံပုယိုသီးတို့ထက် ပိုပြီးတော့ ဗီတာမင်စီပါဝင်မှုများပါတယ်။ ခန္ဓာကိုယ်အတွင်းက ရေဒီယိုသတ္တိလှိုင်းတွေတိုက်ဖျက်ပေးပြီး ကိုယ်ခံအားမြှင့်တင်ပေးကာ အသားအရေကိုကြည်လင်မှု ပေးစွမ်းပါတယ်။

အရသာအလွန်ရှိပြီး အာဟာရဓာတ်တို့မြင့်မားစွာပါဝင်တဲ့ ကီဝီသီးကို ကမ္ဘာတစ်ဝှမ်းမှ လူများက ပုံစံအမျိုးမျိုးနဲ့စားသုံးနေကြပါတယ်။ ဒါပေမယ့်လည်း ကီဝီသီးရဲ့အခွံက ပါးလွှာတဲ့အတွက် ခွာရတာအလွန်ခက်ခဲပါတယ်။

ဒါကြောင့် ဒီလိုမျိုးကိစ္စလေးတွေနဲ့ စိတ်မရှုပ်ရလေအောင် နည်းလမ်းကောင်းလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပြီနော်။

နည်းလမ်း (၁) – အသားကိုဇွန်းနဲ့ကော်ထုတ်ခြင်း

ကီဝီသီးရဲ့ အသားများများလိုချင်တယ်ဆိုရင်တော့ ဇွန်းကိုအသုံးပြုပါ။

ကီဝီသီးရဲ့ ထိပ်နှစ်ဖက်ကို ဓားနဲ့လှီးလိုက်ပါ။ လက်တစ်ဖက်က ကီဝီသီးကို တင်းတင်းကိုင်ပါ။ ဒါပေမယ့်လည်း မညှစ်ပစ်မိပါစေနဲ့။ ပုံမှာပြထားတဲ့အတိုင်း ဇွန်းကိုထိုးစိုက်ပြီး ဖြည်းဖြည်းချင်းလှည့်ကာ အသားကိုထုတ်လိုက်ပါ။

နည်းလမ်း (၂) – ဖန်ခွက်အသုံးပြုခြင်း

ဖန်ခွက်ကိုအသုံးပြုပြီး အခွံခွာတာကလည်း အလွန်လွယ်ကူလှပါတယ်။ သရက်သီးကိုလှီးလိုတဲ့အခါမှာလည်း အသုံးပြုနိုင်ပါတယ်။

ကီဝီသီးကို ထောင်ထားပြီး အလယ်ကနေခြမ်းလိုက်ပါ။ အဝကျယ်ပြီး သိပ်မထူတဲ့ ဖန်ခွက်ကို အသုံးပြု၍ ကီဝီသီးကို ပုံမှာပြထားသည့်အတိုင်း အသားကိုကော်ထုတ်လိုက်ပါ။ အသားက ဖန်ခွက်ထဲဝင်သွားပြီး အခွံက လက်ထဲမှာ ကျန်နေခဲ့ပါလိမ့်မယ်။

နည်းလမ်း (၃) – အခွံခွာဓားအသုံးပြုခြင်း

ကီဝီသီးရဲ့ ထိပ်တစ်ဖက်ကို ဓားနဲ့လှီးလိုက်ပြီး လှီးထားတဲ့ဖက်ကို ထောင်လျက်နှင့်ပင် အခွံခွာဓားကိုအသုံးပြု၍ အောက်နားအထိ အခွံတွေခြစ်ပစ်ပါ။ အကုန်ခြစ်ပြီးသွားပြီဆိုရင် ပုံထဲကအတိုင်း အောက်နားမှာကပ်နေတဲ့ အခွံတွေကို ဓားနဲ့လှီးလိုက်ပါ။

Credit: FabHow